• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • သြစတေးလျ အမျိုးသမီးတစ်ဦးက မီးပျက်သွားချိန်တွင် BYD လျှပ်စစ်ကားမှ ဓာတ်အားရယူကာ သားဖြစ်သူ၏ ကျောက်ကပ်ဆေးစက်ကို ဓာတ်အားပေးခဲ့

သြစတေးလျ အမျိုးသမီးတစ်ဦးက မီးပျက်သွားချိန်တွင် BYD လျှပ်စစ်ကားမှ ဓာတ်အားရယူကာ သားဖြစ်သူ၏ ကျောက်ကပ်ဆေးစက်ကို ဓာတ်အားပေးခဲ့

  • 176 views

သြစတေးလျနိုင်ငံမှ အမျိုးသမီး ခရစ္စတီ ဟုမ်းစ်က The Guardian သတင်းဌာနသို့ ပြောခဲ့သည်မှာ BYD ထုတ် Atto 3 လျှပ်စစ်ကားက သားဖြစ်သူ၏ အသက်ကို ကယ်တင်ခဲ့ကြောင်း ပြောသည်ဟု Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။

EV ကားများစွာတွင် အားပြန်သွင်းသည့် Feature ပါဝင်ရာ အိမ်သုံးလျှပ်စစ်ပစ္စည်းများအပြင် အခြား EV များ သို့ပါ အားပြန်သွင်းနိုင်သည်။

ခရစ္စတီ ဟုမ်းစ်သည် အင်အားပြင်းထန်သော မုန်တိုင်းကြောင့် လျှပ်ဓာတ်ဓာတ်အား ပြတ်တောက်သွားချိန်တွင် သားဖြစ်သူ၏ ကျောက်ကပ်ဆေးစက်ကို BYD လျှပ်စစ်ကား၏ ဓာတ်အားဖြင့် လည်ပတ်စေခဲ့ခြင်း ဖြစ်သည်။

ခရစ္စမတ်နေ့တွင် သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ် အရှေ့တောင်ပိုင်းတခွင်၌ မုန်တိုင်းနှင့် ရေလွှမ်းမိုးမှု ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။

ခရစ္စတီဟုမ်းစ်က အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ၏ ကျောက်ကပ်ဆေးစက်ကို တရုတ်ပြည်မှ ကားထိပ်သီး ကုမ္ပဏီကြီး BYD က ထုတ်လုပ်သော Atto 3 ၏ ဓာတ်အားဖြင့် လည်ပတ်စေခဲ့ခြင်းဖြစ်သည်။

ခရစ္စတီ ဟုမ်းစ်က The Guardian သတင်းဌာနသို့ ပြောသည်မှာ သားဖြစ်သူ Levi သည် ကျောက်ကပ် အစားထိုးကုသရန် စောင့်ဆိုင်းနေကြောင်း၊ Atto 3 ၏ အားသွင်းသည့် Feature သာ မရှိပါက သားဖြစ်သူ အသက်အန္တရာယ်ကြုံရနိုင်ကြောင်း ပြောသည်။

“ကျွန်မတို့ဟာ ကျောက်ကပ်ဆေးစက်ကို ကားနဲ့ချိတ်ဆက် လည်ပတ်စေခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ တစ်ညတာပဲ သုံးဖို့ လိုအပ်ခဲ့တာပါ။ သုံးမယ်ဆိုရင် အနည်းဆုံး ၄ ညလောက်သုံးပြီး ကားကို တနေရာရာမှာ အားပြန်သွင်းလို့ရပါတယ်” ဟု ဟုမ်းစ်က The Guardian သို့ ပြောသည်။

“ကျွန်မ ပိုင်ဆိုင်ဖူးသမျှ ကားတွေထဲမှာ အံ့အားသင့်ဖွယ် အကောင်းဆုံးကားပါပဲ။ အခု ဒီကားက မုန်တိုင်းနဲ့ ရင်ဆိုင်ရချိန်မှာ သားရဲ့အသက်ကို ကယ်လိုက်ပြန်ပါပြီ။ ကျွန်မအနေနဲ့ ဓာတ်ဆီကားတွေ နောက်ထပ် စီးဖြစ်တော့မယ် မထင်ပါဘူး”

ဟုမ်းစ်တို့ မိသားစုသည် ရုပ်ရှင်ကြည့်သောညမျိုးတွင် Atto 3 ကားဘက်ထရီဖြင့် ဝိုင်ကို အပူပေးခြင်းလည်း ပြုလုပ်ကြသည်။

ဆိုးရွားသော ရာသီဥတုနှင့် သဘာဝကပ်ဘေးကြုံရချိန်မျိုးတွင် လျှပ်စစ်ကား အချို့မှာ ဓာတ်အားပေးစက်အဖြစ် ပြောင်းလဲအသုံးပြုနိုင်စွမ်းရှိသည်။

၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ် ဖို့ဒ်ကုမ္ပဏီထုတ် F-150 lightning လျှပ်စစ်ပစ်ကပ်ကားများကို ဓာတ်အားပေးစက်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ သူပေါင်း ၁၂၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

Ford ၏ အမှုဆောင်အရာရှိချုပ် Jim Farley က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်မှာ ဟာရီကိန်း မုန်တိုင်းနှင့် ရင်ဆိုင်ရသော လျှပ်စစ်ကားပိုင်ရှင်တို့သည် ကား၏ဓာတ်အားဖြင့် ဟင်းချက်ခြင်း၊ လျှပ်စစ်မီး ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  An Australian woman used her BYD electric car to power her son's dialysis machine during a blackout  (businessinsider)