- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က ၂၀၂၃ ခုနှစ်အတွင်း EV စင်းရေ ၃ သန်းကျော် ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ် ရောင်းအားတွင် Tesla ကို ဖြတ်ကျော်ပြီ
BYD က ၂၀၂၃ ခုနှစ်အတွင်း EV စင်းရေ ၃ သန်းကျော် ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ် ရောင်းအားတွင် Tesla ကို ဖြတ်ကျော်ပြီ
- 160 views
Tesla သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး EV ထုတ်လုပ်သူအဖြစ် ၂၀၂၃ ခုနှစ်အတွင်း ရပ်တည်နေဆဲ ဖြစ်သော်လည်း စုစုပေါင်း ကားရောင်းချရမှု ပမာဏတွင် BYD က Tesla ကို ဖြတ်ကျော်နိုင်ရန် ကြီးမားသော တိုးတက်မှုများ ရှိလာနေသည်။
ပြီးခဲ့သော အင်္ဂါနေ့တွင် BYD က ကြေညာခဲ့သည်မှာ ၂၀၂၃ ခုနှစ်အတွင်း EV စင်းရေ ၃,၀၂၄,၄၁၇ ရောင်းချခဲ့ရ ကြောင်း ကြေညာသည်။
ထို့ကြောင့် စွမ်းအင်သစ်ကား (လျှပ်စစ် ၊ Hybrid နှင့် ဟိုက်ဒရိုဂျင်သုံးကားများ ပါဝင်) များ ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးမားဆုံး ထုတ်လုပ်သူအဖြစ် ရပ်တည်နေပြီး ပြည်တွင်းဈေးကွက်တွင်လည်း နံပါတ် ၁ အမှတ်တံဆိပ် ဖြစ်လာသည်။
ထို့အပြင် ကားရောင်းအားအရ ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူ ၁၀ ခု စာရင်းတွင် ပထမဆုံး ပါဝင်လာသည်။
၂၀၂၃ ခုနှစ်အတွင်း ရောင်းချခဲ့သော ကားများအနက် အစင်းရေ ၁ ဒသမ ၅၇ သန်းမှာ လျှပ်စစ်ကားများဖြစ်ပြီး ကျန် ၁ ဒသမ ၄ သန်းမှာ လျှပ်စစ် Hybrid ကားများ ဖြစ်သည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ်ကား အများဆုံး ရောင်းချရသော ကုမ္ပဏီအဖြစ် အစင်းရေ ၁ ဒသမ ၈ သန်း ရောင်းချခဲ့သော Tesla က ရပ်တည်နေသည်။
သို့သော် BYD နှင့် Tesla တို့၏ EV ရောင်းအား များစွာ မကွာခြားတော့ချေ။
၂၀၂၂ ခုနှစ်အတွင်းက BYD သည် Tesla အောက် EV ရောင်းချရမှု အစင်းရေ ၄၀၀,၀၀၀ ခန့်နည်းပါးခဲ့ပြီး ယခုနှစ်တွင် ကွာခြားမှုမှာ ထက်ဝက်နီးပါးလျော့ကျလာသည်။
အထူးသဖြင့် ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်တွင် BYD သည် Tesla ထက် EV ပိုမိုရောင်းချခဲ့ရရာ လာမည့် ၂၀၂၄ ခုနှစ်တွင် Tesla အနေဖြင့် EV နယ်ပယ် ဦးဆောင်နိုင်မှု အနေအထားကို ဆက်လက်ထိန်းထားနိုင်ရန် ကြီးမားသော စိန်ခေါ်မှုများ ရှိနေသည်ကို ပြသနေသည်။
၂၀၂၃ ခုနှစ်အတွင်း BYD ၏ အထင်ကြီးလောက်ဖွယ် Performance ရှိခဲ့ခြင်း၏ အကြောင်းရင်းတစ်ခုမှာ ပို့ကုန်များ မြှင့်တင်မှုကြောင့်လည်း ဖြစ်သည်။
တရုတ်ပြည်သည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး ကားတင်ပို့သူဖြစ်လာရန် စီမံကိန်းချမှတ် အကောင်အထည် ဖော်ခဲ့သည်။
BYD ကဲ့သို့ အမှတ်တံဆိပ်များကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပြည်ပဈေးကွက်များတွင် ကားရောင်းအား ၃၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ကို တွေ့ရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD Delivers Over 3 Million Electrified Vehicles In 2023, Beats Tesla In Q4 EV Sales (carscoops)