- ပင်မစာမျက်နှာ
- ကားသတင်းများ
- လောင်စာဆီသုံးအိမ်စီးကားဈေးနှုန်းများ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေပြီးဈေးနှုန်းတည်ငြိမ်နေ
လောင်စာဆီသုံးအိမ်စီးကားဈေးနှုန်းများ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေပြီးဈေးနှုန်းတည်ငြိမ်နေ
- 292 views
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလောင်စာဆီသုံးအိမ်စီးကားဈေးနှုန်းများ ဈေးဆက်တိုက်မြင့်တက်ခဲ့ပေမယ့် အခုလက်ရှိမှာဈေးနှုန်းတည်ငြိမ်နေပြီး ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေတယ်လို့ ကားအရောင်းအဝယ်ပြုလုပ်နေတဲ့လုပ်ငန်းရှင်တွေကပြောပါတယ်။အရင် ကျပ်သိန်း (၅၀၀) အထက်ရှိမှ အိမ်စီးကားတစ်စီးဝယ်ယူနိုင်မှာဖြစ် အခုလက်ရှိမှာတော့ ကျပ်သိန်း (၃၀၀) အထက်နဲ့အနိမ့်ကားတစ်စီး ဝယ်ယူနိုင်တယ်လို့ ကားအရောင်းအဝယ်ပြုလုပ်နေသူတွေဆိုပါတယ်။
အခုနှစ်စမှာပဲ စီးပွားကူးသန်းဝန်ကြီးဌာနက နှစ်အလိုက်ပုံမှန်ထုတ်ပြန်နေကြဖြစ်တဲ့ ကားတင်သွင်းခွင့်သတ်မှတ်ချက်ကိုထုတ်ပြန်တာဖြစ်ပြီး ကားဈေးကွက်ကိုကြီးကြီးမားမားပြောင်းလဲမှု မဖြစ်နို င်ဘူးလို့မော်တော်ကားရောင်းဝယ်ရေးလုပ်ငန်းရှင်တွေကသုံးသပ်ထားပါတယ်။ အသစ်တင်သွင်းရောင်းဝယ်တဲ့ ကားဈေးကွက်အတွင်း SKD ကားတစ်ချို့နဲ့ EV ကား (၂၀၂၄) မော်ဒယ်တင်သွင်းနိုင်မှာဖြစ်တယ်လို့ ဝါရင့်ကားဝယ်ရောင်းတချို့က ပြောပါတယ်။
လက်ရှိ ကားဈေးကွက်ထဲမှာ အောက်ကားလို့ခေါ်တဲ့ကျပ်သိန်း (၃၀၀) ဝန်းကျင်နဲ့ကျပ်သိန်း (၃၀၀) အထက်ကား တွေအရောင်းအဝယ်ဖြစ်နေပြီး မော်ဒယ်အမြင့်ဇိမ်ခံကားတွေဖြစ်တဲ့ ကျပ်သိန်း (၃၀၀၀) အထက်ကားတွေကတော့ ဝယ်လိုအားနည်းတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေနဲ့လုပ်ငန်းရှင်တချို့ ပြောပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com