အမေရိကန်တွင် အလျား ၂၅ ပေရှိ Dodge Viper Limo တပတ်ရစ်ကားတစ်စင်း ကန်ဒေါ်လာ ၁၆၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

  • 196 views

Dodge Viper များအနက် အဆန်းပြားဆုံး တပတ်ရစ်ကားတစ်စင်း အမေရိကန်ပြည်ထောင်စုတွင် အရောင်းဈေးကွက်ဝင်လာသည်။

ကြီးမားသော Limousine ပုံစံဖြစ်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၆၉၀၀၀ ဈေးခေါ်ထားသည်။

၂၀၂၁ ခုနှစ်အတွင်းကလည်း အလျား ၂၅ ပေအထိ ရှည်လျားသော ယခု Limousine ကို eBay တွင် အရောင်းတင်ခဲ့ရာတွင် ရောင်းမထွက်ခဲ့ချေ။

ထို့နောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း Facebook အရောင်းအဝယ်ဂရုများတွင် ကန်ဒေါ်လာ ၁၆၀၀၀၀ ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ပြီး နောက်ပိုင်းတွင် ကန်ဒေါ်လာ ၁၄၀၀၀၀ သို့ လျှော့ချပေးခဲ့သည်။

ယခုအခါ ဤကားကို ပိုင်ဆိုင်ထားသည်မှာ အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်အခြေစိုက် Classic ကားများရောင်းဝယ်ရေးကုမ္ပဏီ Gateway Classic Cars က ပိုင်ဆိုင်ထားပြီး အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

Mileage မှာ ၆၈၂၇ မိုင် (၁၀၉၈၆ ကီလိုမီတာ) သာ ရှိသေးသည်။

သို့သော် ယခင်က ကန်ဒေါ်လာ ၁၄၀၀၀၀ ခေါ်ဈေးဖြင့် ရောင်းမထွက်ခဲ့သော ကားကို ကန်ဒေါ်လာ ၁၆၉၀၀၀ ပေးကာ ဝယ်ယူသူရှိမည်လောဟူသည်ကို သံသယဖြစ်ဖွယ်ရှိသည်။

သို့သော် တမူထူးသောကားမျိုး ပိုင်ဆိုင်လိုပြီး ငွေသုံးနိုင်သူ ဝယ်လက်တစ်ဦး ပေါ်ပေါက်လာနိုင်သည်။

Gateway Classic Cars ကုမ္ပဏီက ပြောသည်မှာ လူ ၁၀ ဦး သက်တောင့်သက်သာ စီးနိုင်ကြောင်း ပြောသည်။

သို့သော် အမိုးမပါသောကြောင့် ရာသီဥတုကောင်းမွန်သည့်အခါမျိုးတွင်သာ စီးနိုင်မည်ဖြစ်သည်။

သတိပြုဖွယ်တစ်ခုမှာ အင်ဂျင်မှာ Viper ၏ Signature ဖြစ်သော V10 မဟုတ်။

360 c.i. (သို့မဟုတ်) 5.9-liter V8 အင်ဂျင်သာ တပ်ဆင်ထားသည်။

 

 

ရောင်းချသူတို့က ပြောသည်မှာ ခရီးသည်အားလုံးအတွက် လုံခြုံရေးခါးပတ်များပါဝင်ခြင်းကြောင့် ဘေးကင်းလုံခြုံစွာ စီးနိုင်ကြောင်း ပြောသည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Does Anyone Want A $169,000 Dodge Viper Limo? (carscoops)