- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်နိုင်ငံထုတ် EV ကား(၇၄)စီး မြန်မာ့စက်မှုဆိပ်ကမ်းသို့ ရောက်ရှိ
တရုတ်နိုင်ငံထုတ် EV ကား(၇၄)စီး မြန်မာ့စက်မှုဆိပ်ကမ်းသို့ ရောက်ရှိ
- 183 views
တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ် EV ကား(၇၄)စီးဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက မြန်မာ့စက်မှုဆိပ်ကမ်းကို ရောက်ရှိလာတဲ့အတွက် ဇန်နဝါရီလ(၃)ရက်နေ့က လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး သက်ဆိုင်ကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ အဲဒီလျှပ်စစ်သုံး မော်တော်ယာဉ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်လည်း ရရှိထားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံထုတ် Leapmotor, T03 (Luxury) (၁၁)စီး၊ FAW TOYOTA BZ4X1 (၁၇) ၊ DONGFENG NISSAN । Model: NISSAN ARIYA (၂) စီး ၊ GAC TOYOTA BZ4X (၄၄)စီး စုစုပေါင်း(၇၄)စီးဟာ မြန်မာစက်မှုဆိပ်ကမ်း(MIP)ကိုရောက်ရှိလာတာဖြစ်ပါတယ်။
အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ Pilot Project အနေနဲ့ ပြည်တွင်းမှာ EV ကားအစီးရေ (၃၀၀၀၀)ဝန်းကျင် တင်သွင်းဖို့လျာထားပေမယ့် လက်ရှိမှာတော့ နိုင်ငံခြားငွေလဲနှုန်းနဲ့ တခြားအခက်အခဲတွေကြောင့် EV ကားအစီးရေ (၁၈၀၀)ကျော်သာ တင်သွင်းနိုင်သေးတာဖြစ်ပါတယ်။
ပြည်တွင်း EV ကားဈေးကွက်ထဲမှာလဲ နိုင်ငံခြားငွေလဲနှုန်းနဲ့ ကားအမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၁၀၀၀) ဝန်းကျင်ကနေ ကျပ်သိန်း(၂၀၀၀)ကျော်အထိ အမျိူးမျိုးပေါက်ဈေးရှိတယ်လို့ EV ကားဈေးကွက်ထဲကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com