- ပင်မစာမျက်နှာ
- ကားသတင်းများ
- ( ၂၀၂၃ ) ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၀၀) ကျော် မှတ်ပုံတင်ထား
( ၂၀၂၃ ) ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၀၀) ကျော် မှတ်ပုံတင်ထား
- 199 views
ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နဲ့ ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရဲ့ မှတ်ပုံတင်ထားတဲ့ ယာဉ်အမျိုးအစား စာရင်းတွေအရ သိရပါတယ်။ (၂၀၂၃) ခုနှစ် ဇန်နဝါရီလကနေ နှစ်ကုန်အထိ EV လူစီးမော်တော်ယာဉ် (၁၈၇၇)စီးနဲ့ ကုန်တင်(ဝန်ပေါ့) ယာဉ် (၁၁) စီးကို မှတ်ပုံတင်ခွင့် ပြုထားတာပါ။
အခုတင်သွင်းထားတဲ့ EV မော်တော်ယာဉ်အရေအတွက်ဟာ ဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအားမျှတဲ့ အတွက် အခုထက်ပိုတင်သွင်းခွင့်ပေးဖို့ EV လုပ်ငန်းရှင်တချို့ကမျှော်လင့်နေကြပါတယ်။ EV တင်သွင်းခွင့်ပြုတဲ့ အရေအတွက်နည်းပါးတဲ့အတွက် ပြည်တွင်း EV ကားဈေးနှုန်းတွေဟာလည်း ဈေးမြင့်တက်လာတာဖြစ်တယ်လို့ EV ကား အရောင်းအဝယ်လုပ်ကိုင်နေသူတွေထံကနေ သိရပါတယ်။
အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ Pilot Project အနေနဲ့ ပြည်တွင်းမှာ EV ကားအစီးရေ (၃၀၀၀၀) ဝန်းကျင် တင်သွင်းဖို့လျာထားပေမယ့် လက်ရှိမှာတော့ နိုင်ငံခြားငွေလဲနှုန်းနဲ့ တခြားအခက်အခဲတွေကြောင့် EV ကားအစီးရေ (၁၈၀၀) ကျော်သာ တင်သွင်းနိုင်သေးတာဖြစ်ပါတယ်။
ပြည်တွင်း EV ကားဈေးကွက်ထဲမှာလဲ နိုင်ငံခြားငွေလဲနှုန်းနဲ့ ကားအမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း(၁၀၀၀) ဝန်းကျင်ကနေ ကျပ်သိန်း(၂၀၀၀) ကျော်အထိ အမျိူးမျိုးပေါက်ဈေးရှိတယ်လို့ EV ကားဈေးကွက်ထဲကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com