- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကုန်စည်ပို့ဆောင်ရေးယာဉ်များ အလုံးစုံအာမခံထားရှိမှသာ လိုင်စင်သက်တမ်းတိုးပေးမည်
ကုန်စည်ပို့ဆောင်ရေးယာဉ်များ အလုံးစုံအာမခံထားရှိမှသာ လိုင်စင်သက်တမ်းတိုးပေးမည်
- 330 views
ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်တွေအနေနဲ့ အလုံးစုံအာမခံထားရှိတဲ့ အထောက်အထား တင်ပြနိုင်မှသာ လိုင်စင်သက်တမ်းတိုးပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီကနေ သိရပါတယ်။ YRTC ရဲ့သတ်မှတ်ချက်အရ (၂၀၂၄ )ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကစပြီး အလုံးစုံ အာမခံပြန်လည်ထားရှိရမှာဖြစ်ပါတယ်။
ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ ယာဉ်မတော်တဆဖြစ်တဲ့အခါ ခရီးသွားပြည်သူတွေ၊ ထိခိုက်ပျက်စီးဆုံးရှုံးရတဲ့ တခြားယဉ်တွေစတဲ့ ပျက်စီးမှုတွေအတွက် အကာအကွယ်နဲ့လျော်ကြေးရရှိဖို့ ရည်ရွယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်တွေ အလုံးစုံအာမခံထားတဲ့လုပ်ငန်းကို ကိုဗစ် (၁၉) ကာလ ဖြေလျှော့ပေးခဲ့ပြီး အခုအခါပြန်လည်ဆောင်ရွက်တာဖြစ် တယ်လို့လည်းသိရပါတယ်။
ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်တွေအနေနဲ့ လိုင်စင်သက်တမ်းတိုးရင် လုံးစုံအာမခံထားရှိတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို စိစစ်ပြီးပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန လုပ်ငန်းလိုင်စင်ရုံးကို ဆက်လက်ထောက်ခံသော ပုံစံစနစ်နဲ့ဆောင်ရွက်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီက သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com