• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းမောင်းနိုင်သောပြိုင်ကားကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သည့် အမေရိကန် နိုင်ငံသား

တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းမောင်းနိုင်သောပြိုင်ကားကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သည့် အမေရိကန် နိုင်ငံသား

  • 204 views

ယခုဖော်ပြမည်မှာ အမေရိကန်မှ တစ်နာရီလျှင် မိုင် ၂၀၀ မောင်းနိုင်သော ပြိုင်ကားဖြစ်သည့် Lucra အကြောင်း ဖြစ်သည်။

သို့သော် အဓိကဖော်ပြလိုသည်မှာ ကား၏ အမြန်နှုန်းကို ပြောလိုခြင်းမဟုတ်။

ယခုကားမော်ဒယ်ကို အမျိုးသားတစ်ဦးကိုယ်တိုင် ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သည်ဆိုသောအချက် ဖြစ်သည်။

လုခ် ရစ်ချတ်စ်သည် Old School တံခါးနှစ်ပေါက် Coupe ပြိုင်ကားများနှင့် ဗြိတိန်ထုတ် အပေါ့စားပြိုင်ကား များကို နှစ်သက်သဘောကျသူတစ်ဦး ဖြစ်သည်။

လက်ရှိ ကားသစ်ဈေးကွက်တွင် ထိုကားမျိုးမရှိ။ ထို့ကြောင့် လုခ် ရစ်ချတ်စ်က ကိုယ်တိုင်ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

အမြင်ပိုင်းအရဆိုလျှင် ရစ်ချတ်စ်၏ Lucra သည် ၁၉၆၀ ပြည့်လွန်များက အမေရိကတွင် ထုတ်လုပ်ခဲ့သော တံခါးနှစ်ပေါက် coupe နှင့် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ဗြိတိန်တွင် ထုတ်လုပ်ခဲ့သော roadster တို့ စပ်ထားသည့်အသွင်မျိုး ဖြစ်သည်။

Lucra ကို စိတ်ကြိုက်ထုတ်လုပ်ထားသော အောက်ပိုင်းဖရိန်၊ ကာဗွန်ဖိုက်ဘာကိုယ်ထည်တို့ဖြင့် ထုတ်လုပ်ထား ပြီး အင်ဂျင် option ရွေးချယ်စရာ ၃ မျိုးရှိသည်။

အဆိုပါ အင်ဂျင် ၃ မျိုးမှာ Mercedes-AMG မှ ထုတ်လုပ်သော 6.3-liter V8 အင်ဂျင်၊ GM မှ ထုတ်လုပ်သော 6.3-liter V8 အင်ဂျင်နှင့် Corvette ၏ 7.0-liter V8 အင်ဂျင်တို့ ဖြစ်သည်။

 

 

7.0-liter V8 အင်ဂျင်မှာ ၆၅၀ hp ထွက်သည်။

Lucra ၏ အလေးချိန်မှာ ပေါင် ၂၀၀၀ (၉၀၇ ကီလိုဂရမ်) သာရှိပြီး 0-60 mph ကို ၂ ဒသမ ၅ စက္ကန့်အတွင်း ရရှိနိုင်သည်။

ခေတ်မီ Brand တစ်ခုဖြစ်ပြီး ကားတစ်စင်းစီတိုင်းကို စိတ်ကြိုက်ထုတ်လုပ်ထားရာ ဈေးနှုန်းကို မသိရချေ။

လွန်ခဲ့သောနှစ်အနည်းငယ်က ယခုမော်ဒယ်တစ်ပတ်ရစ်ကားတစ်စင်း eBay တွင် ကန်ဒေါ်လာ ၆၃၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာခဲ့ဖူးသည်။

 

ယနေ့အချိန်တွင်ကား အဆိုပါကားကို ဂဏန်း ၆လုံး (သို့မဟုတ်) ၇ လုံးဖြင့် ရောင်းထွက်မည်ဆိုပါက အံ့အားသင့်ဖွယ်မရှိချေ။

မကြာသေးမီကလည်း အမျိုးသားတစ်ဦး ထုတ်လုပ်ထားသည့် ပြိုင်ကားတစ်စင်းကို ဂဏန်း ၆ လုံးဖြင့် ရောင်းထွက်ခဲ့ဖူးသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Man designs and builds his own 200mph supercar  (supercarblondie)