ဆလိုဗေးနီးယား ကားကုမ္ပဏီ Tushek က မြင်းကောင်းရေ ၂၅၀၀ အားရှိ လျှပ်စစ် Hyper-car ပွဲထုတ်လာ

  • 151 views


ဆလိုဗေးနီးယားနိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီ Tushek Aeon က မြင်းကောင်းရေ ၂၅၀၀ အားနှင့် အလေးချိန် ပေါင် ၃၅၀၀ ခန့်ရှိ လျှပ်စစ် ဟိုက်ပါကားတစ်စီး ပွဲထုတ်လာသည်။

ဟိုက်ပါကားများအကြောင်း သင်စဉ်းစားချိန်တွင် ဆလိုဗေးနီးယားနိုင်ငံမှာ သင့်ခေါင်းအတွင်း ပထမဆုံး ပေါ်ပေါက်လာဖွယ်မရှိချေ။

ယခုအခါ ဆလိုဗေးနီးယား ကားထုတ်လုပ်သူ Tushek က ၎င်းတို့၏ Aeon မော်ဒယ်ကို မျိုးကွဲ ၂ ခုဖြင့် ချပြလာသည်။

တစ်ခုမှာ Aeon E ဖြစ်ပြီး နောက်တစ်မျိုးမှာ Aeon H ဖြစ်သည်။ Aeon E မှာ လျှပ်စစ်ကားဖြစ်ပြီး Aeon H မှာ hybrid ဖြစ်သည်။

နှစ်မျိုးလုံးမှာ အလွန်ပေါ့ပါးပြီး အထင်ကြီးလောက်ဖွယ် power-to-weight ratio ရှိသည်။

 

 

 

AEON E လျှပ်စစ်ကားမှာ မြင်းကောင်ရေ ၂၅၀၀ အားရှိပြီး အင်ဂျင်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ မသိရသေးချေ။

ထိုကား၏ power-to-weight ratio မှာ အံ့အားသင့်ဖွယ်ဖြစ်ပြီး 1.7:1 ဖြစ်သည်။

Aeon H တွင် V8 အင်ဂျင်တပ်ဆင်ထားပြီး hybrid အမျိုးအစားဖြစ်ကာ မြင်းကောင်ရေ ၁၉၃၀ အားရှိသည်။

 

 

 

အဆိုပါကားမှာ အလေးချိန် ၃၂၆၃ ပေါင်သာရှိရာ power-to-weight ratio မှာ ပိုမိုကောင်းမွန်ပြီး 1.3:1 သာရှိသည်။

ထိုကားနှစ်မျိုးလုံး၏ performance ကို မသိရသေးသော်လည်း 0 to 60 mph ကို 2.0 စက္ကန့်အောက်ဖြင့် ရရှိဖွယ်ရှိသည်။

အမြင့်ဆုံးမြန်နှုန်းမှာ 230 mph (370 kph) ထက်ကျော်လွန်ဖွယ်ရှိပြီး အခြားသော အချက်အလက်များနှင့် ဈေးကွက်တင်ဈေးနှုန်းတို့ကို မသိရသေးချေ။

Aeon သည် ဤကုမ္ပဏီထုတ် ပထမဆုံးမော်ဒယ်မဟုတ်ချေ။

 

 

၂၀၁၉ ခုနှစ်အတွင်းက ဗြိတိန်တွင် ဤကုမ္ပဏီထုတ် TS900 ကို ပထမဆုံး ချပြခဲ့သေးသည်။

ထိုကားတွင် 4.2-liter V8 အင်ဂျင်နှင့် လျှပ်စစ်မော်တာ ၂ လုံးတပ်ဆင်ထားကာ စုစုပေါင်း မြင်းကောင်ရေအား ၉၅၀ ရှိကာ ရုန်းအားမှာ 1,032 lb-ft (1,400 Nm) ရှိသည်။

ထိုကား၏ အလေးချိန်မှာ ၃၁၀၈ ပေါင် (၁၄၁၀ ကီလိုဂရမ်) သာရှိပြီး အမြင့်ဆုံးမြန်နှုန်း 236 mph (380 kph) ရှိကာ 0 to 60 mph (0-97 kph) ကို ၂ ဒသမ ၅ စက္ကန့်ဖြင့် ရောက်ရှိနိုင်သည်။

 

 

Tushek ကုမ္ပဏီကို တည်ထောင်သူ ၊ စီအီးအိုမှာ ယခင်က ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်သူ Aljosa Tushek ဖြစ်သည်။

ကုမ္ပဏီ၏ ဆောင်ပုဒ်မှာ “တကယ်တော့ ကျွန်ုပ်တို့သည် ပြိုင်ကားသမားများ ဖြစ်ကြသည်”ဟု ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Tushek Aeon Revealed As A 2,500-HP Electric Hypercar (carbuzz)