Nio က ၎င်း၏ Flagship ဖြစ်သော ဒေါ်လာ ၁၁၂၀၀၀ တန် ET 9 EV ကို ချပြလိုက်ပြီးနောက် ကုမ္ပဏီရှယ်ယာဈေးများ မြင့်တက်

  • 168 views

 

Nio သည် ပြီးခဲ့သော ရက်သတ္တပတ်ကုန်တွင် ၎င်း၏ Flagship ဖြစ်သော ET9 EV ကို ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအတွက် ရည်ရွယ်ကာ စတင်ချပြလိုက်သည်။

အဆိုပါ EV သည် Porsche , Mercedes တို့နှင့် ရင်ဆိုင်မည်ဖြစ်ပြီး ဈေးနှုန်းမှာ ယွမ်ငွေ ၈၀၀၀၀၀ ဝန်းကျင် (ကန်ဒေါ်လာ ၁၁၂၀၀၀) မှစမည် ဖြစ်သည်။

 

 

((EV သစ်များနှင့် နည်းပညာများ ဆောင်ကျဉ်းလာသော NIO Day 2023 ))

ET9 ကို Nio Day 2023 တွင် စတင်ချပြလိုက်ခြင်း ဖြစ်သည်။
(မှတ်ချက်။ Nio Day သည် ကုမ္ပဏီနှင့် User တို့ နှစ်စဉ်တွေ့ဆုံသော ပွဲတော်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် Xi`an မြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။)

Nio ၏ လျှပ်စစ်ကားသစ်တွင် Flagship ဖြစ်သော အပြင်ပိုင်း ၊ ကျယ်ပြောသော အတွင်းပိုင်းနှင့် ထိရောက် သော အားသွင်းမှုတို့အပြင် အခြား Feature များစွာ ပါသည်။

အလျား ၅၃၂၅ မမ (၂၁၀ လက်မ) ၊ ဗျက် ၂၀၁၆ မမ (၇၉ လက်မ) နှင့် အမြင့် ၁၆၂၀ မမ (၆၄ လက်မ) ရှိမည်ဖြစ်သော ET9 သည် ၂၀၅ × ၇၈× ၅၆ လက်မရှိသော Porsche Panamera နှင့်အပြိုင် ဖြစ်လာမည် ဖြစ်သည်။

ထိုင်ခုံ ၄ လုံးပါဝင်မည်ဖြစ်ပြီး နောက်ခုံလိုက်ပါသူများအတွက် ၃၆၀ ဒီဂရီ Tray Table တစ်ခု ပါဝင်မည် ဖြစ်သည်။

Nio က ပထမတန်းစား နောက်ခုံများအတွက် ကိုယ်တိုင်ထုတ်လုပ်သော မူပိုင်ခွင့် ၂၄ ခု တင်ထားသည်။

ယင်းတို့အနက် ၄၅ ဒီဂရီ ချိန်ညှိနိုင်သော ကျောမှီ ၊ ၅၈၂ မမ ကျယ်သော ထိုင်ခုံကူရှင်နှင့် ၁၁ မျိုး ချိန်ညှိနှိုင်မှုတို့ ပါဝင်သည်။

ထို့အပြင် Electric Sunshade ၇ မျိုးလည်းပါဝင်ကာ အမျိုးမျိုးပြောင်းလဲ ချိန်ညှိနိုင်မည် ဖြစ်သည်။

 


(Nio ET9 ။ ဓာတ်ပုံ- Nio )

 

 

ET 9 ကို ၃ မိနစ်အတွင်း ပြန်လည်အားသွင်းနိုင်သည်။

သို့မဟုတ် Fast Charging ဖြင့် ၅ မိနစ်အတွင်း ၂၅၅ ကီလိုမီတာ (၁၅၈ မိုင်) သွားနိုင်သော ဘက်ထရီအား ရရှိနိုင်သည်။

ET9 တွင် ပထမဆုံးသော Five –nanometer auto-grade chip (NX9031) နှင့် ထုလုံးပုံ ကြီးမားသော ဘက်ထရီဆဲလ်များ အသုံးပြုထားသည်။

ET 9 ကို တရုတ်ပြည်တွင် ကြိုပွိုင့် မှာယူနိုင်မည်ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်အထိ ဖြန့်ချိနိုင်ဦးမည် မဟုတ်သေးချေ။

ET9 နှင့် နည်းပညာကို ချပြလိုက်ပြီးနောက် Nio ၏ ရှယ်ယာဈေးမှာ ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  NIO stock rises after unveiling $112K flagship ET9 EV to rival Porsche, Mercedes  (electrek)