YBS ယာဉ်တိုက်မှုကြောင့် (၂၀၂၃) ခုနှစ်အတွင်း ရန်ကုန်မြို့တွင် လူ(၂၀) ကျော်သေဆုံးပြီး လူ (၁၀၀) ကျော် ဒဏ်ရာရ

  • 179 views

 

ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၂၁) နေ့အထိ ရန်ကုန်မြို့မှာ YBS ယာဉ်တိုက်မှုကြောင့် လူ (၂၈) ဦး သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း YBS ယာဉ်မတော်တဆမှု (၇၀) မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲကမှ ယာဉ်တိုက်မှု (၆၃) မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တိုက်မှု (၆၃) မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပြီး လူ (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

YBS ယာဉ်တိုက်မှုတွေဖြစ်တာဟာ သတ်မှတ်အရှိန်ထက် ကျော်မောင်းတာတွေ၊ မီးနီဖြတ်မောင်းတာတွေ ၊ ပြိုင်မောင်းတာတွေကြောင့် အများဆုံးဖြစ်ပွားတာဖြစ်ပြီး စည်းကမ်းမဲ့မောင်းနှင်လို့ လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့ရင် ရာသက်ပန်ယာဉ်မောင်းနှင်ခွင့် ပိတ်သိမ်းတဲ့အထိ အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။

(၂၀၂၃) ခုနှစ် မေလအတွင်းမှာ YBS ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူ(၇) ဦး အထိရှိခဲ့ပါတယ်။ YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်တာတွေကို စောင့်ကြည့်ဖို့ ရန်ကုန်မြို့အတွင်းမှာ CCTV ကင်မရာတွေနဲ့ စောင့်ကြည့်မှတ်တမ်းယူနေသလို ခရီးသည်တွေက လူမှုကွန်ရက်စာမျက်နှာ တွေကနေလည်းတိုင်ကြားမှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့လပိုင်းကပဲ YBS မော်တော်ယာဉ်တစ်စီးဟာ Taxi ယာဉ်မောင်းတစ်ဦးကို မော်တော်ယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ ပွတ်တိုက်မှုကြောင့် Taxi ယာဉ်မောင်းသေဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်ကို စုံခုံဖွဲ့ စစ်ဆေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com