- ပင်မစာမျက်နှာ
- ကားသတင်းများ
- Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) iMyanmarHouse ၊ CarsDB တို့ပူးပေါင်းပြီးနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲပြုလုပ်
Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) iMyanmarHouse ၊ CarsDB တို့ပူးပေါင်းပြီးနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲပြုလုပ်
- 713 views
စင်ကာပူနိုင်ငံအခြေဆိုက်စီးပွားရေးလုပ်ငန်းရှင်တွေပူးပေါင်းဖွဲ့စည်းထားတဲ့ Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) နဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေနဲ့ကားရောင်းဝယ်ငှားဝဘ်ဆိုက် iMyanmarHouse ၊ CarsDB တို့ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာလ (၂၈) ရက်နေ့ ညနေ (၆) နာရီက ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ Singapore Myanmar Chamber of Commerce and Industry (SMyCCI)က ဥက္ကဋ္ဌ ဦးညီညီထွန်း ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)ရဲ့ ဥက္ကဋ္ဌ ဦးဇော်ထိုက်အေး၊ အိမ်ခြံမြေနဲ့ ကားရောင်းဝယ်ရေးဝဘ်ဆိုက် iMyanmarHouse နဲ့ CarsDB တို့ရဲ့ CEO ဦးနေမင်းသူတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။
“ ကျွန်တော်တို့အသင်း (SMyCCI) ဟာ စင်ကာပူနိုင်ငံမှာ တရားဝင်တည်ထောင်ထားတဲ့ မြန်မာကို ကိုယ်စားပြုတဲ့ Chamber of Commerce ဖြစ်ပါတယ်။ အခု (MOU) လက်မှတ်ရေးထိုးပွဲဟာ ကျွန်တော်တို့နဲ့ ရည်ရွယ်ချက်ခြင်းတူတဲ့ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) ရဲ့အသင်းဝင်တွေအတွက် အသင်းနှစ်ခုပူးပေါင်းပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာဖြစ်ပါတယ်။ ပြီးတော့ကျွန်တော်တို့အသင်းကို Media ပိုင်းကနေ ကူညီပေးဖို့ iMyanmarHouse နဲ့ CarsDB တို့ကနေ SMyCCI ရဲ့ Official Media Partner အဖြစ် ပံ့ပိုးကူညီပါတယ်။ အဲဒီအတွက် (MOU) ထိုးရခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အလားတူအသင်းတွေနဲ့လည်း ကျွန်တော်တို့နားလည်မှုစာချွန်လွှာ ရေးထိုးမယ်။ အဓိကကတော့ ကျွန်တော်တို့ အသင်းသားတွေရဲ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာလုပ်ငန်းရှင်တွေ ကြုံလာတဲ့ အခက်အခဲတွေဖြေရှင်းနိုင်ဖို့နဲ့ တခြားပံ့ပိုးမှုတွေကို ကျွန်တော်တို့က ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ လို့ Singapore Myanmar Chamber of Commerce and Industry (SMyCCI) ဥက္ကဋ္ဌ ဦးညီညီထွန်းက ပြောပါတယ်။
“ ကျွန်တော်တို့ကားအသင်းတည်ထောင်ခဲ့တာ (၂၀၁၂) ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တည်ထောင်ခဲ့တဲ့အထဲမှာလည်း အရောင်းစင်တာတွေ အရောင်းပြခန်းတွေပါဝင်ပါတယ်။ အဲဒီတုန်းက အရောင်းစင်တာပေါင်း(၃၀၀)ကျော်လောက်က စင်ကာပူမှာ ကုမ္ပဏီဖွင့်ပြီး တင်သွင်းခဲ့တာပါ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့နဲ့ စင်ကာပူလုပ်ငန်းရှင်တွေ အများကြီးမဝေးကွာပါဘူး။ လက်ရှိအချိန်အထိ စင်ကာပူမှာ ရပ်တည်နေသေးတဲ့သူတွေလည်း ရှိပါသေးတယ်။ နောက်လည်းဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) ရဲ့ ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးကပြောပါတယ်။
ဆက်လက်ပြီး iMyanmarHouse နဲ့ CarsDB တို့ရဲ့ CEO ဦးနေမင်းသူက “ကျွန်တော်တို့မြန်မာနိုင်ငံဟာ အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ သယံဇာတတွေ ပေါကြွယ်ဝတယ်။ စီးပွားရေးကဏ္ဍအသီးသီးမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီလို ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကို ပေါင်းစည်းခွင့်ပေးပြီး စီးပွားရေးအခွင့်အလမ်း များစွာကို ဖန်တီးပေးနိုင်မယ့် ဒီလို MOU ရေးထိုးပွဲကို ဖန်တီးပေးတဲ့ SMyCCI ကို အထူးကျေးဇူးတင်ပါတယ်။ Official Media Partner အဖြစ် ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း iMyanmarHouse နဲ့ CarsDB တို့ရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
Singapore Myanmar Chamber of Commerce and Industry (SMyCCI) ဟာ အသင်းဝင်တွေဖြစ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးသွားမှာဖြစ်ပြီး လုပ်ငန်းခြင်းတူတဲ့ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Singapore Myanmar Chamber of Commerce and Industry (SMyCCI)က ဥက္ကဋ္ဌ ဦးညီညီထွန်းကပြောကြားခဲ့ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com