- ပင်မစာမျက်နှာ
- ကားသတင်းများ
- (၇၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားကျင်းပမည်ဖြစ်၍ ဇန်နဝါရီလ(၂) ရက်နေ့နှင့် (၄) ရက်နေ့တွင် ပြည်လမ်းမကြီးအားခေတ္တပိတ်ထားမည်
(၇၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားကျင်းပမည်ဖြစ်၍ ဇန်နဝါရီလ(၂) ရက်နေ့နှင့် (၄) ရက်နေ့တွင် ပြည်လမ်းမကြီးအားခေတ္တပိတ်ထားမည်
- 76 views
ဇန်နဝါရီလ (၂) ရက်နေ့ မနက် (၄) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်မှာ လွတ်လပ်ရေးနေ့အခမ်းအနားကို အစမ်းလေ့ကျင့်မှာဖြစ်ပြီး ပြည်လမ်းမကို ယာယီပိတ်ထားမှာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ (၄) ရက်နေ့ မနက် (၄) နာရီအချိန်မှာလည်း လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်မှာဖြစ်လို့ ပြည်လမ်းမကြီးကို ခေတ္တယာယီပိတ်ထားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့်ပြည်လမ်းမကြီးအတိုင်း မြောက်မှတောင်ကို မောင်းနှင်လာကြတဲ့ မော်တော်ယာဉ်တွေဟာ မြေနီကုန်းမီးပွိုင့်အရောက်တွင် ညာဘက်ကိုချိုးကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်းကိုလည်းကောင်း ၊ ပြည်လမ်းအတိုင်းတောင်မှမြောက်သို့မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေဟာ ပြည်ထောင်စုရိပ်သာလမ်းကို ချိုးကွေ့ပြီး ဗဟိုလမ်း၊ အလုံလမ်းကတစ်ဆင့် အောက်ကြည့်မြင်တိုင်းလမ်းကိုလည်းကောင်း ဆက်လက်မောင်းနှင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com