- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဘီယွန်းစေးနှင့်ဂျေးဇီတို့စုံတွဲ ကမ္ဘာလှည့်ခရီးသည်စီး ဘတ်စ်ကားကြီးတစ်စင်းငှားရမ်းကာ နယူးယောက် မြို့တစ်ခွင် လည်ပတ်ခဲ့ကြ
ဘီယွန်းစေးနှင့်ဂျေးဇီတို့စုံတွဲ ကမ္ဘာလှည့်ခရီးသည်စီး ဘတ်စ်ကားကြီးတစ်စင်းငှားရမ်းကာ နယူးယောက် မြို့တစ်ခွင် လည်ပတ်ခဲ့ကြ
- 91 views
ကမ္ဘာကျော်အဆိုတော်စုံတွဲဖြစ်သော ဘီယွန်းစေးနှင့် ဂျေးဇီတို့သည် ကမ္ဘာလှည့်ခရီးသည်သုံး ဘတ်စ်ကားကြီး တစ်စင်းငှားရမ်းကာ နယူးယောက်မြို့တစ်ခွင် လည်ပတ်ခဲ့ကြကြောင်း TMZ သတင်းတစ်ရပ် တွင် ဖော်ပြသည်။
ဘီယွန်းစေးတို့ စုံတွဲသည် သမီးငယ်ဖြစ်သူ Blue Ivy Carter အပြင် အခြားမိတ်ဆွေသူငယ်ချင်းများနှင့်အတူ ကမ္ဘာလှည့်ဘတ်စ်ကားကြီးဖြင့် နယူးယောက်မြို့ Times Square အပြင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ် လေ့ရှိသည့်နေရာများသို့ သွားရောက်ခဲ့ကြသည်။
(ဓာတ်ပုံ-Backgrid/SplashNews)
ဘီယွန်းစေးတို့သည် Saks 5th Avenue တွင် ရပ်နားခဲ့ကြသည်ဟု ဆိုသည်။
ထိုနေရာတွင် Rockefeller Center မှ စီစဉ်ပြုလုပ်သော ကြီးမားလှသည့် ခရစ္စမတ်ပင်ကြီးကို ရှုထောင့်မျိုးစုံမှ window display ကြည့်မြင်နိုင်သည်။
ထို့အပြင် ဘီယွန်းစေးတို့သည် နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်တွင် တည်ရှိသော ၉ ဒသမ ၆ ဧက ကျယ်ဝန်းသည့် Bryant Park တွင်လည်း ရပ်နားခဲ့ကြသေးသည်။
(ဓာတ်ပုံ-Backgrid/SplashNews)
ဂျေးဇီ၏ ဇာတိမြို့တွင် ကမ္ဘာလှည့်ဘတ်စ်ကားဖြင့် လည်ပတ်သည်ဆိုခြင်းမှာ မယုံနိုင်ဖွယ် ထူးထူးဆန်းဆန်း ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။
(ဓာတ်ပုံ-Backgrid/SplashNews)
ကားပေါ်တွင် ကလေးငယ်အများအပြားလည်း ပါဝင်လာရာ အားလပ်ရက်များတွင် မြို့ပြင်ရှိ ဆွေမျိုးများထံ သွားရောက်လည်ပတ်နိုင်ရန် အကွက်ကျကျ စီမံခြင်းလည်း ဖြစ်နိုင်သည်။
(ဓာတ်ပုံ-Backgrid/SplashNews)
ဘီယွန်းစေးနှင့် ဂျေးဇီတို့စုံတွဲသည် ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကား ကုမ္ပဏီတစ်ခုမှ စီစဉ်ပေးသော အစီအစဉ်ဖြင့် သွားခဲ့ခြင်းဖြစ်သည်။
မိနစ် ၉၀ ခရီးစဉ်အတွင်း မွန်းလွဲချိန် လဘက်ရည်နှင့် scone တို့အပြင် အချို့မုန့်၊ အငန်မုန့်များ စီစဉ်ပေးသည်ဟု ဆိုသည်။
(ဓာတ်ပုံ-Backgrid/SplashNews)
(ဓာတ်ပုံ-TMZ.com)
(ဆက်စပ်သတင်း)
ဘီယွန်းစေးအား ဂျေးဇက်က မွေးနေ့လက်ဆောင် ဝယ်ပေးခဲ့သော ဒေါ်လာ ၁ သန်းတန် Vintage Silver Cloud Rolls Royce II
https://carsdb.com/en/news/295
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BEYONCÉ AND JAY-ZWE'RE DOING THE TOURIST THING IN NYC... Tour Bus With Family (tmz)