- ပင်မစာမျက်နှာ
- ကားသတင်းများ
- ယခုနှစ်အတွင်း စည်းကမ်းဖောက်ဖျက်တဲ့ YBS အမှုပေါင်း (၃၀၀၀၀) ကျော်ရှိ
ယခုနှစ်အတွင်း စည်းကမ်းဖောက်ဖျက်တဲ့ YBS အမှုပေါင်း (၃၀၀၀၀) ကျော်ရှိ
- 119 views
အခုနှစ်မှာစည်းကမ်းဖောက်ဖျက်တဲ့ YBS အမှုပေါင်း (၃၀၀၀၀)ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကနေ သိရပါတယ်။ YBS ယာဉ်တွေ စည်းကမ်းမဖောက်ဖျက် အောင် စည်းကမ်းတင်းကြပ်မှုတွေ လုပ်ဆောင်နေပေမယ့် မလိုက်နာတဲ့ ယာဉ်မောင်းတွေပိုများလာတယ်လို့ (YRTC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
အရင်က ပုံမှန်အရေးယူမှုတွေသာ လုပ်ဆောင်ပေမယ့် အခုနောက်ပိုင်းမှာ စည်းကမ်းဖောက်ဖျက်တာများတဲ့ ယာဉ်မောင်းတွေကို စုံခုံဖွဲ့ပြီး ယာဉ်မောင်းကို ယာဉ်လိုင်းကနေ အပြီးအပိုင်ထုတ်တဲ့အထိ အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ (YRTC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေကို CCTV တွေကနေ စောင့်ကြည့်မှတ်တမ်းယူပြီး အရေးယူတာတွေရှိသလို ခရီးသည်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေက တိုင်ကြားတဲ့အမှုတွေလည်း စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်နေတာပါ။
အခုနှစ်အတွင်း ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ယာဉ်မောင်းတွေရဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ပြစ်မှုတွေဟာ မှတ်သားဖမ်းဆီးမှု (၂၃၀၀၀) ကျော် ၊ ခရီးသည်တိုင်ကြားမှု (၈၀၀) ကျော်၊ Facebook လူမှုကွန်ရက်ကနေ တိုင်ကြားမှု (၆) မှု ၊ မီးနီဖြတ်မောင်းမှု (၂၂၀၀) ကျော်၊ သတ်မှတ်ကီလီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၂၅၀၀) ကျော်၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၃၀၀) ကျော်၊ မဆင်မခြင်မောင်းနှင်မှု (၆၅၀) ကျော် ၊ အခြားအမှု (၈၅၀) ကျော်၊ နယ်ကျော်(၁) မှု၊ ရပ်နားချိန်ကြာမြင့်မှု (၅၀၅) မှု ၊ ယာဉ်တစ်စီးနှင့် တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု (၇၅၀)ကျော် ၊ မချေမငံပြောဆိုမှု (၅) မှု စုစုပေါင်းအမှု (၃၂၀၀၀) ကျော် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကနေသိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com