တရုတ်ပြည်တွင် တစ်ပတ်အတွင်း EV ရောင်းချရမှု - BYD ၆၃၉၀၀ ၊ Tesla ၁၈၅၀၀ ၊ Nio ၄၁၀၀

  • 145 views


ယခုနှစ်၏ ၅၁ ပတ်မြောက် ရက်သတ္တပတ်ဖြစ်သော ဒီဇင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်တာ ကာလတွင် တရုတ်ပြည်၌ နှစ်ကုန် EV ရောင်းအား မြင့်မားလျက်ရှိသည်။

ထိုသို့ ရောင်းအားမြင့်မားသောစာရင်းတွင် Xpeng နှင့် Denza တို့ ပါဝင်ခြင်းမရှိချေ။

၎င်းတို့မှာ ရောင်းအား ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

BYD မှာ ရောင်းအား ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး Tesla မှာ ၁ ရာခိုင်နှုန်းခန့်သာ ရောင်းအားတက်ခဲ့ကာ Nio မှာ ၂၁ ရာခိုင်နှုန်း ရောင်းအားတက်ခဲ့သည်။

ယခုအချက်အလက်များမှာ စွမ်းအင်သစ်ယာဉ်များ (NEV) ဟု တရုတ်ပြည်တွင် ခေါ်ဆိုသော ဘက်ထရီ လျှပ်စစ်ယာဉ်များ (BEVs) ၊ လျှပ်စစ် Hybrid EV များ (PHEVs) နှင့် ခရီးဝေးသွားနိုင်သော EV များ (EREVs) တို့၏ ရောင်းအားအချက်အလက်များကို စုစည်းထားခြင်း ဖြစ်သည်။

 

((BYD))

 

BYD သည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ကားအစင်းရေ ၆၃၉၀၀ မှတ်ပုံတင်ခဲ့ရာ ယင်းမတိုင်မီ ရက်သတ္တပတ်က ရောင်းချခဲ့ရသော အစင်းရေ ၅၁၇၀၀ ထက် ၂၃ ဒသမ ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဒီဇင်ဘာ ၁ ရက်မှ ၂၄ ရက်အထိ BYD သည် တရုတ်ပြည်တွင် ကားအစင်းရေ ၁၈၀,၀၀၀ မှတ်ပုံတင်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ BYD သည် ကားအစင်းရေ ၂,၆၈၃,၃၇၄ ရောင်းချခဲ့ရပြီး ဖြစ်သည်။

BYD ၏ ရောင်းချမှုများမှ ၉၀ ရာခိုင်နှုန်းမှာ တရုတ်ပြည်တွင်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ ပြည်ပနိုင်ငံများတွင် ဖြစ်သည်။

ယခုဆောင်းပါးတွင် ဖော်ပြသော ကားမှတ်ပုံတင်မှု ကိန်းဂဏန်းများမှာ တရုတ်ပြည်တွင် မှတ်ပုံတင်ခဲ့မှုများ ကိုသာ ရည်ညွှန်းသည်။

BYD က ရောင်းချသည်မှာ BEV နှင့် PHEV တို့ဖြစ်သည်။

BYD သည် နိုဝင်ဘာလအတွင်း လျှပ်စစ်ကား ၃၀၁,၉၀၃ ရောင်းချခဲ့ရာ ၄၃ ဒသမ ၄၇ ရာခိုင်နှုန်းမှာ PHEVs များဖြစ်ပြီး ၅၆ ဒသမ ၃၆ ရာခိုင်နှုန်းမှာ BEVs များ ဖြစ်သည်။

 

((BYD ၏ EV ရောင်းချရမှု အခြေအနေ))

 

Song Plus မော်ဒယ်: 10,400 စင်း (+22% တစ်ပတ်တာချင်း နှိုင်းယှဉ်မှုအခြေအနေ) 

Qin Plus: 9,400 (+25% WoW)

Seagull: 8,700 (+18% WoW)

Dophin: 6,200 (+20% WoW)

Yuan Plus (Atto 3): 6,200 (+10% WoW)

Han: 4,100 (+19% WoW)

Seal: 2,700(+14% WoW)

Song L: 770 စင်း

 

(BYD ၏ အမှတ်တံဆိပ်ခွဲများ )

 

Fang Cheng Bao Bao 5 (Leopard 5): 1,300 (+32.7 WoW)
YangWang U8: 400 (+8.1%)

 

 

((Tesla ))

 

Tesla ၏ EV များသည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း တရုတ်ပြည်တွင် အစင်းရေ ၁၈၅၀၀ မှတ်ပုံတင်ခဲ့ရာ ယင်းမတိုင်မီ ရက်သတ္တပတ်ကထက် ၁ ဒသမ ၀၉ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။

ဒီဇင်ဘာ ၁ မှ ၂၄ ရက်အကြား Tesla သည် တရုတ်ပြည်တွင် အစင်းရေ ၆၀၂၀၀ ရောင်းချခဲ့သည်။

Tesla သည် နိုဝင်ဘာလအတွင်း တရုတ်ပြည်စက်ရုံမှ ထုတ်လုပ်ခဲ့သော ကားအစင်းရေ ၈၂,၄၃၂ ရောင်းချခဲ့ရာ ယင်းအနက် အစင်းရေ ၆၅,၅၀၄ မှာ တရုတ်ပြည်တွင်းတွင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ၁၆,၉၂၈ မှာ ပြည်ပဈေးကွက် များသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

 

 

((Tesla ၏ ရောင်းအား အခြေအနေ))

 

Model Y: 14,400 ( 0% WoW)
Model 3: 3,800 (+26.2% WoW)

 

 

((Nio))

 

Nio သည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း တရုတ်ပြည်တွင် အစင်းရေ ၄,၁၀၀ မှတ်ပုံတင်ခဲ့ရာ ယင်းမတိုင်မီ ရက်သတ္တပတ်ကထက် ၂၀ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဒီဇင်ဘာ ၁ မှ ၂၄ ရက်အကြား Nio သည် တရုတ်ပြည်တွင် EV စင်းရေ ၁၂,၀၀၀ မှတ်ပုံတင်ခဲ့သည်။

 

 

(Nio ၏ တစ်ပတ်တာ ရောင်းချရမှု အခြေအနေ)

ES6: 1,600 (+17% WoW)

ET5/ET5T: 1,300 (+26% WoW)

EC6: 640 (+19%)

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  China EV sales in week 51: BYD 63,900, Tesla 18,500, Nio 4,100  (carnewschina)