- ပင်မစာမျက်နှာ
- ကားသတင်းများ
- (၂၀၂၄) ခုနှစ်အတွက်ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ချက်များ ထုတ်ပြန်
(၂၀၂၄) ခုနှစ်အတွက်ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ချက်များ ထုတ်ပြန်
- 409 views
(၂၀၂၄) ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်များကို စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၂၁) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
(၂၀၂၄) ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရာမှာ လူစီးမော်တော်ယာဉ်တွေအတွက် (၂၀၂၃) ခုနှစ်မှ (၂၀၂၄) ခုနှစ်အထိ ၊ လုပ်ငန်းသုံးမော်တော်ယာဉ်တွေ (ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်) အတွက် (၂၀၂၀) ခုနှစ်မှ (၂၀၂၄) ခုနှစ်အထိ ၊ မီးသတ်ယာဉ်/လူနာတင်ယာဉ်တွေအတွက် (၂၀၁၅) မှ (၂၀၂၄) အထိ ထုတ်လုပ်ထားတဲ့ ဘယ်မောင်းမော်တော်ယာဉ်တွေကိုသာ တင်သွင်းရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အများပြည်သူ အသုံးပြုနေတဲ့ လမ်းမတွေမှာ မောင်းနှင်ခြင်းမရှိတဲ့ လုပ်ငန်းသုံးယန္တရားတွေကို လွန်ခဲ့တဲ့ ( ၁၅) နှစ်က ထုတ်လုပ်တဲ့ယာဉ် (၂၀၁၀) ခုနှစ်နှင့်အထက်ထုတ်လုပ်တဲ့ယာဉ်) တွေကို တင်သွင်းပြုမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ရေးဝန်ကြီးဌာနက အခုထုတ်ပြန်တဲ့အမိန့် ကြေညာချက်ဟာ လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုတဲ့ မော်တော်ယာဉ်ထုတ်လုပ်တဲ့ ခုနှစ်သတ်မှတ်ချက်ကို ပုံမှန်အတိုင်းထုတ်ပြန်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
မော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သက်ပြီး လက်ရှိ ချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒတွေကို ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးသွားမှာဖြစ်တယ်လို့ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၂၁) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com