• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အင်္ဂလန်တွင် ပြီးခဲ့သောနှစ်အတွင်း ယာဉ်မောင်းခြင်းစစ်ဆေးသူ ၃၀၀ နီးပါးမှာ ဖြေဆိုမှု မအောင်မြင်သူတို့၏ တိုက်ခိုက်မှုခံခဲ့ရ

အင်္ဂလန်တွင် ပြီးခဲ့သောနှစ်အတွင်း ယာဉ်မောင်းခြင်းစစ်ဆေးသူ ၃၀၀ နီးပါးမှာ ဖြေဆိုမှု မအောင်မြင်သူတို့၏ တိုက်ခိုက်မှုခံခဲ့ရ

  • 78 views


အင်္ဂလန်တွင် မော်တော်ယာဉ်မောင်းနှင်မှု စစ်ဆေးသူတို့ကို မအောင်မြင်သူတို့၏ တိုက်ခိုက်မှု ပမာဏ မြင့်တက်လာနေသည်။

ယာဉ်မောင်းနှင့် မော်တော်ယာဉ် စံနှုန်းအေဂျင်စီ (DVSA) ၏ မှတ်တမ်းများအရ ပြီးခဲ့သောနှစ်အတွင်း ကိုယ်ထိလက်ရောက်နှင့် နှုတ်ဖြင့် တိုက်ခိုက်မှု ၂၈၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

 

 

 

(ပြီးခဲ့သောနှစ်အတွင်း ယာဉ်မောင်းစစ်ဆေးသူတို့ကို မအောင်မြင်သူတို့က တိုက်ခိုက်မှု ၃၀၀ နီးပါး ရှိခဲ့သည်။ ဓာတ်ပုံ-Getty)

 


ထိုကိန်းဂဏန်းမှာ ၂၀၂၁/၂၂ အောက် ထက်ဝက်ခန့် ရှိပြီး ထိုကာလက ဖြစ်ရပ် ၆၁၀ ရှိခဲ့သည်။

ယခုအခါ အချို့သော စစ်ဆေးရေးအရာရှိတို့က လုံခြုံရေးအတွက် ရတက်မအေးသောကြောင့် ကင်မရာများ ယူဆောင်လာကြသည်။

ယခုဖြစ်ရပ်နှင့် တပြိုင်တည်းဆိုသလိုပင် လက်တွေ့ဖြေဆိုရန် စောင့်ဆိုင်းနေသူ ပမာဏမှာ ၅၀၀,၀၀၀ အထက် မြင့်တက်လာနေသည်။

၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလက ဖြေဆိုရန် စောင့်ဆိုင်းသူ ၁၄၇,၇၁၆ ရှိခဲ့ပြီး ယခုနှစ်သြဂုတ်လတွင် ၅၃၈,၇၀၂ အထိ မြင့်တက်လာခဲ့သည်။

ကိုဗစ်ကပ်ဘေးကြောင့်သာမက စစ်ဆေးပေးမည့်သူ နည်းပါးသောကြောင့် စောင့်ဆိုင်းရသည့်ကာလ ၅ လနှင့် အထက် ကြာမြင့်ရာ ယာယီလိုင်စင် ကိုင်ဆောင်ထားသူ အလွန်များပြားလာခဲ့သည်။

ထိုသို့ ဖြေဆိုမည့်သူ များပြားနေသည်နှင့်အမျှ စစ်ဆေးပေးမည့်သူများမှာလည်း ၎င်းတို့၏ အလုပ်တွင် တိုက်ခိုက် ဆဲဆိုခံရမည့် အန္တရာယ် မြင့်မားနေသည်။

အဓိကအားဖြင့် နှုတ်ဖြင့် စော်ကားတိုက်ခိုက်ခြင်းဖြစ်ပြီး အယုတ္တ၊ အနတ္တများအပြင် ခြိမ်းခြောက်မှုများလည်း ပြုလုပ်ကြလေ့ရှိသည်။

DVSA ၏ ဖော်ပြချက်အရ အချို့သော ဖြေဆိုသူတို့သည် စစ်ဆေးသူများ ၎င်းတို့၏ ကားထဲတွင် ရှိနေစဉ်တွင် ဒေါသတကြီး ကားမောင်းထွက်သွားကြလေ့ရှိကြောင်း ဖော်ပြသည်။

အမည်မဖော်လိုသော စစ်ဆေးသူတစ်ဦးက ၎င်းအား ဖြေဆိုမှု မအောင်မြင်သူတစ်ဦးက ခြိမ်းခြောက်ခဲ့ပုံနှင့် စပ်လျဉ်းပြီး ပြောပြသည်မှာ “ခင်ဗျားက အပြေးသန်မယ့်ကောင်ကြီးပဲ။ ကျုပ် ခင်ဗျားကို ကားနဲ့လိုက်တိုက်တော့မယ်”ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Almost 300 driving examiners have been attacked by failed learners in last year — as waiting times soar  (thesun)