အဲလ်ဗစ် ပရက်စလေ၏ စွန့်ပစ်ထားသော ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးကို ဝယ်ယူလိုက်သူက RV ယာဉ်အဖြစ် ပြောင်းလဲ

  • 574 views

ရော့ခ်အင်ရိုးဂီတ၏ ဘုရင်ဟု တင်စားကြသော အဲလ်ဗစ် ပရက်စလေ၏ ဂျက်လေယာဉ်ကြီးကို လေလံပွဲတွင် ဝယ်ယူလိုက်သူက ထိုလေယာဉ်ကို ကောင်းကင်ယံတွင် ပြန်လည်ပျံသန်းစေလိုသော်လည်း အကြောင်းရင်းများစွာကြောင့် ဖြစ်မလာနိုင်တော့။

ထိို့ကြောင့် ၎င်းက ပရက်စလေ၏ လေယာဉ်ကြီးကို အခြားနည်းလမ်းတစ်ခုဖြင့်် အသုံးပြုရန် စီစဉ်လာသည်။

ပရက်စလေ၏ ဂျက်လေယာဉ်ကြီးကို လေလံပွဲတွင် ဝယ်ယူသွားသူမှာ Jimmy’s World အမည်ရှိ YouTube ချန်နယ်ကို တည်ထောင်ထားသူ ဂျိမ်းစ် ဂျင်မီ ဝက်ဘ် (James Jimmy Web) ဖြစ်သည်။

 

(ဆက်စပ်သတင်း)

အဲလ်ဗစ် ပရက်စလေ၏ လေထဲကအိမ် (သို့မဟုတ်) ပရက်စလေ ၁၉၇၆ ခုနှစ်က ဝယ်ယူခဲ့သည့် ကတ္တီပါရောင် ကိုယ်ပိုင်ဂျက်လေယာဉ် လေလံတင်ရောင်းချမည်

https://www.imyanmarhouse.com/news/read/1045157

 

ဂျိမ်းစ်က ဆယ်စုနှစ်များစွာ စွန့်ပစ်ထားသော ဂျက်လေယာဉ်ကြီးကို စက်လည်ပတ်ကြည့်ရန် ကြိုးစားခဲ့သည်။

သမိုင်းတလျှောက် အကြီးမြတ်ဆုံး ရော့ခ်ကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်ဖြစ်သည့် အဲလ်ဗစ် ပရက်စလေ၏ လေယာဉ်မှာ လော့ဟိမာတင်ကုမ္ပဏီက ၁၉၆၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော 1329 JetStar ဖြစ်ပြီး သဲကန္တာရထဲတွင် ဆယ်စုနှစ် ၄ ခု စွန့်ပစ်ခံထားရသည်။

အင်ဂျင်မှာ လည်သော်လည်း လေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်လျှင် ကုန်ကျမည့် များပြားလှသော ကုန်ကျစရိတ်ကို သိရှိရချိန်တွင် ဂျိမ်းစ်က လေယာဉ်ကြီးအား ပြန်လည်ပျံသန်းစေမည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။

 

 

(ဓာတ်ပုံ-Jimmy’s World/YouTube)

 

 

(ဓာတ်ပုံ-Jimmy’s World/YouTube)

 

 

(ဓာတ်ပုံ-Jimmy’s World/YouTube)

 

 

(ဓာတ်ပုံ-Jimmy’s World/YouTube)

 

ပရက်စလေ၏ လေယာဉ်ကြီးကို လေလံဆွဲရာတွင် ကန်ဒေါ်လာ ၂၃၀၀၀၀ မျှသာ ကုန်ကျခဲ့သော်လည်း ပျံသန်းနိုင်ရန် ပြန်လည်ပြင်ဆင်မည်ဆိုပါက ကန်ဒေါ်လာ ၆ သန်းနီးပါး ကုန်ကျမည် ဖြစ်သည်။

သို့သော် ဤအချက်မှာ စဉ်းစားတွက်ချက်ကြည့်သည့် သဘောမျှသာဖြစ်ပြီး လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကြောင့် ပြန်လည်ပျံသန်းရန် ခွင့်ပြုချက်ရမည် မဟုတ်ချေ။

ထိုအခြေအနေတွင် ဂျိမ်းစ်က တမူကွဲပြားသောနည်းလမ်းဖြင့် လေယာဉ်ကြီးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ရာ Luxury RV (လမ်းပေါ် ရွေ့လျား လူနေအိမ်-ယာဉ်) အဖြစ် ပြောင်းလဲရန် ဖြစ်သည်။

ဂျိမ်းစ်က သူ၏ YouTube ချန်နယ်တွင် နောက်ဆုံးလွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်များ၌ လေယာဉ်ကြီးအား RV အဖြစ် စတင်ပြောင်းလဲနေပုံများကို ရိုက်ကူးပြသထားသည်။

ဂျိမ်းစ်က လေယာဉ်ကြီးရှိ မလိုအပ်သော အစိတ်အပိုင်းများအားလုံးကို ဖြုတ်သိမ်းလိုက်သည်။

ထို့နောက် အတွင်းပိုင်း မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ကာ အသုံးမပြုဘဲစွန့်ပစ်ထားသော လေယာဉ်ကြီးကို Luxury RV အဖြစ် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

 

(ဆက်စပ်သတင်း)

 

အဲလ်ဗစ် ပရက်စလေ၏ သမီး လီဆာမာရီ ပရက်စလေ၏ ဖလော်ရီဒါပြည်နယ်မှ ဒေါ်လာ ၆ သန်းတန်စံအိမ် ဝယ်လက်ရှာတွေ့

 

https://www.imyanmarhouse.com/news/read/1077683

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Man who bought Elvis Presley’s abandoned private jet shows first steps of turning it into an RV  (supercarblondie)