- ပင်မစာမျက်နှာ
- ကားသတင်းများ
- လျှပ်စစ်သုံးယာဉ်များအပါအဝင်ကုန်ပစ္စည်း(၁၄)မျိုး သွင်းကုန်လိုင်စင်ကြိုတင်ရယူစရာမလို အကောက်ခွန်ကုန်လှောင်ရုံများတွင် သိုလှောင်နိုင်
လျှပ်စစ်သုံးယာဉ်များအပါအဝင်ကုန်ပစ္စည်း(၁၄)မျိုး သွင်းကုန်လိုင်စင်ကြိုတင်ရယူစရာမလို အကောက်ခွန်ကုန်လှောင်ရုံများတွင် သိုလှောင်နိုင်
- 206 views
ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာဈေးနှုန်းလျော့ကျချိန်မှာ ဝယ်ယူစုဆောင်းသိုလှောင်ပြီး ပြည်တွင်းကိုတင်သွင်းတာတွေ ဒါမှမဟုတ် ပြန်လည်တင်ပို့နိုင်ဖို့ ကုန်စည်တွေကိုသွင်းကုန်လိုင်စင်ကြိုတင်ရယူစရာမလိုဘဲ အကောက်ခွန်ကုန်လှောင်ရုံတွေမှာ သိုလှောင်နိုင်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ (၂၀) ရက်နေ့မှာထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက သွင်းကုန်ပစ္စည်းတွေအားလုံးကို ပြည်တွင်းဆိပ်ကမ်းကိုမရောင်ခင် သွင်းကုန်လိုင်စင်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမယ်လို့ထုတ်ပြန်ထားပြီး အခုတော့ ကုန်ပစ္စည်း(၁၅)မျိုးကိုဖြေလျော့ပေးလိုက်တာဖြစ်ပါတယ်။ လျှပ်စစ်သုံးယာဉ် Pilot Project အဖြစ်လုပ်ဆောင်နေတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။မူလရည်မှန်းထားတဲ့လျာထားချက်ဖြစ်တဲ့ EV ကားအစီးရေ(၃၀၀၀၀)နီးပါးတင်သွင်းမယ်ဆိုပေမယ့် အခုတော့အစီးရေ(၁၅၀၀)ကျော်ပဲတင်သွင်းနိုင်ပါသေးတယ်။ EV တင်သွင်းခွင့်ရရှိထားတဲ့ လုပ်ငန်းရှင်(၃၀)ဝန်းကျင်ကတော့ ဒီထက်ပိုတင်သွင်းခွင့်ပေးဖို့ မျှော်လင့်နေတာပါ။
သွင်းကုန်လိုင်စင်ကြိုတင်ရယူစရာမလို အကောက်ခွန်ကုန်လှောင်ရုံများတွင်သိုလှောင်နိုင်တဲ့ကုန်ပစ္စည်းတွေ ကတော့ ဆေး၊ဆေးဝါးအထောက်အကူပြုပစ္စည်းတွေ ၊ စိုက်ပျိုးရေးသွင်းအားစုတွေ၊တိရစ္ဆာန်သုံးဆေးဝါး၊ လျှပ်စစ်သုံးယာဉ်မျိုးမျိုး၊ စက်မှုသုံးဆီနဲ့ ထုတ်ပိုးမှုပစ္စည်းတွေပါဝင်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com