ရုရှားက Amber အမည်ရှိ လျှပ်စစ်ကားနမူနာကို ချပြရာ ရုရှားပြည်သူများ မနှစ်သက်ကြ

  • 224 views

 

မော်စကို ပိုလီတက္ကနစ်တက္ကသိုလ်က Amber အမည်ရှိ လျှပ်စစ်နမူနာကားကို ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ဖော်ချပြလိုက်ရာ လူမှုကွန်ရက်တွင် Tesla Killer ဟု လှောင်ပြောင်အမည်ပေးလျက် ရှိကြသည်။

နမူနာကားကို ကာလီနင်ဂရက်ရှိ Avtotor စက်ရုံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုစက်ရုံသည် BMW, Ford, KIA နှင့် Hyundai ကားများကို ထုတ်လုပ်သောစက်ရုံဟု လူသိများသည်။

အနောက်နိုင်ငံတို့၏ အရေးယူပိတ်ဆို့မှုများကြောင့် လျှပ်စစ်ကား ထုတ်လုပ်ရေးဘက်သို့ ကူးပြောင်းလာခြင်း ဖြစ်သည်။

ထိုစက်ရုံက ယခုအခါ Amber ကို ထုတ်လုပ်တော့မည် ဖြစ်သည်။ 

 

(ဓာတ်ပုံ-Screenshot/X)

 

 

(ဓာတ်ပုံ-Screenshot/X)

 

 

ယခုကား မိတ်ဆက်မှုအပေါ် ရုရှားနိုင်ငံသား များစွာ တုန်လှုပ်ခဲ့ကြသည်။

အများစုက ရှုမြင်သည်မှာ ကာလကြာရှည် အထိနာနေသော ရုရှားကားလုပ်ငန်းနယ်အတွက် လှောင်ပြောင်စရာတစ်ခု ဖြစ်လာကြောင်း ရှုမြင်ကြသည်။

Amber သည် ကားဒီဇိုင်းသာမက အင်ဂျင် ၊ အင်ဗာတာ ၊ ထိန်းချုပ်ခုံများနှင့် ဘက်ထရီအားလုံးမှာ ရုရှားထုတ်များ ဖြစ်မည်ဟု ဆိုသည်။

အရည်အသွေးပိုင်းနှင့် စပ်လျဉ်းပြီး အငြင်းပွားဖွယ် ဖြစ်လာခဲ့သည်။

ကားပစ္စည်း အစိတ်အပိုင်းအများစုမှာ တရုတ်ထုတ်များ ဖြစ်ဖွယ်ရှိသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Russia presents electric car Amber, public wishes it hadn't — photo (yahoo)