- ပင်မစာမျက်နှာ
- ကားသတင်းများ
- စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီတွေကို ဗဟိုဘဏ်က ကန်ဒေါ်လာ (၁၂) သန်းကျော်ထပ်မံရောင်းချ
စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီတွေကို ဗဟိုဘဏ်က ကန်ဒေါ်လာ (၁၂) သန်းကျော်ထပ်မံရောင်းချ
- 212 views
စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ(၁၂) သန်းကျော် ထပ်မံရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲတဲ့ ဒီဇင်ဘာလ ( ၁၈) ရက်နေ့ကလည်း စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ(၉) သန်းကျော် ရောင်းချပေးပြီးဖြစ်ပြီး အခုတစ်ခါထပ်မံရောင်းချတာဖြစ်ပါတယ်။
အခုပြည်ပကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေထဲမှာ စက်သုံးဆီကိုဦးစားပေးအဖြစ်သတ်မှတ်ပြီး တင်သွင်းနေတာဖြစ်ပါတယ်။ဒါ့အပြင် ဗဟိုဘဏ်အနေနဲ့ Online Trading ငွေလဲနှုန်းကို အရင်က(၂၉၂၀)သတ်မှတ်ထားရာကနေ ဒီဇင်ဘာလ(၅) ရက်နေ့မှာ Market rate အတိုင်း လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုထားပါတယ်။
အခုလိုဆောင်ရွက်မှုကြောင့် သွင်းကုန်ကိစ္စရပ်တွေမှာ အကျိုးသက်ရောက်မှုရှိခဲ့ပြီး အထူးသဖြင့် စက်သုံးဆီ တင်သွင်းရောင်းချသူတွေအတွက် ပိုမိုသက်ရောက်မှုရှိခဲ့တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ရှိအမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ငွေကျပ် (၃၅၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ ပြင်ပနိုင်ငံငွေကြေးဈေးကွက်ထဲကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com