ရော့ခ်ကြယ်ပွင့်ကြီး ဘွန်ဂျိုဗီက ၁၉၇၄ ခုနှစ်ထုတ် Corvette ကို eBay တွင် လေလံတင်ရောင်းချခဲ့

  • 203 views

 

 

(Bon Jovi ဘာလဲ)

 

Bon Jovi သည် အမေရိကန် ရော့ခ်ဂီတဝိုင်းကြီးဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် နယူးဂျာစီပြည်နယ်၊ Sayreville မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။

Bon Jovi တွင် လက်ရှိပါဝင်သူများကား အဆိုတော်- ဂျွန် ဘွန်ဂျိုဗီ (Jon Bon Jovi)၊ ကီးဘုတ်- ဒေးဗစ် ဘရိုင်ယန် (David Bryan )၊ ဒရမ်- တီကို တောရက်စ် (Tico Torres )၊ ဂစ်တာ- ဖီးလ် အိက်စ် (Phil X )နှင့် ဘေ့စ်ဂစ်တာ- ဟုချ် မက်ခ်ဒေါ်နယ် (Hugh McDonald )တို့ ဖြစ်သည်။

မူရင်းဘေ့စ်ဂစ်တာသမား အဲလက်ခ် ဂျွန် ဆာ့ချ် (Alec John Such) မှ ၁၉၉၄ ခုနှစ်တွင် အဖွဲ့မှ နှုတ်ထွက်သွားခဲ့သည်။

 

 

 

ထို့အပြင် Bon Jovi တွင် စတင်ဖွဲ့စည်းချိန်မှစကာ ကာလကြာရှည်ပါဝင်ခဲ့သည့်အပြင် တေးသီချင်းများလည်း ကိုယ်တိုင်ရေးစပ်ပေးခဲ့သူ ဂစ်တာသမား Richie Sambora မှာလည်း ၂၀၁၃ ခုနှစ်တွင် နှုတ်ထွက်သွားခဲ့သည်။

Bon Jovi အဖွဲ့ကြီးသည် စတူဒီယိုအယ်လ်ဘမ် ၁၆ ချပ်၊ စုပေါင်း ၅ ချပ်နှင့် စင်မြင့်ဖျော်ဖြေပွဲ တေးအယ်လ်ဘမ် ၃ ချပ် ထုတ်လုပ်ခဲ့သည်။

Bon Jovi အဖွဲ့ကြီး၏ တေးအယ်လ်ဘမ်များသည် ကမ္ဘာတစ်ဝန်းတွင် ချပ်ရေစုစုပေါင်း သန်း ၁၃၀ ကျော် ရောင်းချထားရပြီး ဖြစ်ကာ အရောင်းရဆုံး အမေရိကန် ရော့ခ်ဂီတဝိုင်းများတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်လျက်ရှိသည်။

Bon Jovi အဖွဲ့ကြီးသည် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်တွင် စင်မြင့်ဖျော်ဖြေပွဲပေါင်း ၂၇၀၀ ကျော်၌ ပရိသတ်ပေါင်း ၃၄ သန်းကျော်ကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖြစ်သည်။

 

((ဘွန်ဂျိုဗီ၏ ၁၉၇၄ ခုနှစ်ထုတ် Corvette))

 

အကယ်၍သင်သည် ၁၉၈၀ ကာလများတွင် ကြီးပြင်းခဲ့ပြီး ရော့ခ်သီချင်းများဖြင့် ဖြတ်သန်းခဲ့သည်ဆိုပါက ရော့ခ်ကြယ်ပွင့်ကြီး ဘွန်ဂျိုဗီ ပိုင်ဆိုင်ခဲ့သော ၁၉၇၄ ခုနှစ်ထုတ် Corvette Stingray Coupe ကို စိတ်ဝင်စား မည်မှာ သေချာသည်။

ဘွန်ဂျိုဗီက အနီရောင် Corvette ကို eBay Motors တွင် လေလံတင်ရောင်းချခဲ့ရာ လေလံဆွဲသူ အလွန် များပြားခဲ့သည်။

လေလံဈေးပေးမှု ၇၅ ကြိမ်ရှိခဲ့ပြီး ကန်ဒေါ်လာ ၂၁၂၁၂ အထိရောက်ရှိခဲ့သည်။

 

 

 

 

အမေရိကန်ပြည်ထောင်စု ၊ နယူးဂျာဆီပြည်နယ်တွင် အခြေစိုက်နေထိုင်သူ ဘွန်ဂျိုဗီက ဤကားနှင့် အဘယ်ကြောင့် လမ်းခွဲခဲ့သည်ကို မသိရချေ။

လေလံမှတ်တမ်းတွင် ဖော်ပြချက်အရမူ ဤကားကို ဘွန်ဂျိုဗီကိုယ်တိုင်နှင့် သူ၏မိသားစုက များစွာ နှစ်သက် မြတ်နိုးကြောင်း ဖော်ပြထားသည်။

ကား၏ ဆေးရောင်အနီမှာ ခမ်းနားသည့်ဟန်ပန်ရှိပြီး အဖြူရောင်အတွင်းပိုင်းမှာလည်း ဖိတ်ဖိတ်လက်နေသည်။

လေလံမှတ်တမ်းတွင် ဖော်ပြချက်အရ စက်ရုံ Specs အတိုင်း အလုပ်လုပ်နေဆဲဖြစ်ပြီး အကျော်အမော်တစ်ဦး ပိုင်ဆိုင်ထားသော ကားတစ်စင်းထံမှ သင်မျှော်လင့်သည့် အရာရာရှိနေကြောင်း၊ အံ့မခန်း Stingray ကို အကောင်းဆုံးအနေအထားဖြင့် ပိုင်ဆိုင်နိုင်ရန် ယုံကြည်စိတ်ချစွာဖြင့် လေလံဆွဲလိုက်ပါဟု ဖော်ပြထားသည်။

ဈေးကွက်တင် ဓာတ်ပုံများအရ Corvette မှာ အတွင်းအပြင် အကောင်းဆုံးအနေအထား ရှိဟန်ရသော်လည်း အင်ဂျင်ပါဝါနှင့် စပ်လျဉ်းပြီး စိုးရိမ်စိတ်များ ရှိခဲ့ကြသည်။

 

 

၁၉၇၄ ခုနှစ်ထုတ် ကားများတွင် စွမ်းအားအကောင်းဆုံးအင်ဂျင်မှာ ၂၇၀ hp ခန့်သာ ထွက်သည်။

သို့သော် ဘွန်ဂျိုဗီ၏ ယခုကားမှာမူ ၃၇၀ hp ထွက်သည်ဟု ဆိုသည်။
ယခုကားနှင့်စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ ဘွန်ဂျိုဗီကိုယ်တိုင်လက်မှတ်ထိုးထားသော Odometer Mileage Statement စာရွက် ဖြစ်သည်။

ထိုစာရွက်တွင် ဘွန်ဂျိုဗီက John Bongiovi ဟု လက်မှတ်ထိုးထားသည်ကို တွေ့ရသည်။

 

 

 

(ဘွန်ဂျိုဗီ၏ Odometer Mileage Statement စာရွက် )

 

 

 

[ဘွန်ဂျိုဗီ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ]

Blaze of glory (ဇော်ဝင်းထွဋ်-ကန္တာရခရီးသည်)၊ 

Lay your hands on me ( ထူးအိမ်သင်-အချစ်ရဲ့လက်များနဲ့)

Never say goodbye (ဇော်ဝင်းထွဋ်-အသည်းကွဲအနမ်း)၊ 

Santafe (ဖရန်ကို-ချိုမြိန်တဲ့ရက်စက်ခြင်း/ ထွဏ်းထွဏ်း -ထွက်ပြေးသူ )၊ 

Thank you for loving me (အာဇာနည်-အနမ်းတစ်ခုရဲ့ဒိုင်ယာရီ )၊ 

Billy get your gun(ကော်နီ- ရင်ကိုဖွင့်လိုက်စမ်း)၊ 

You give love a bad name (ဖြူဖြူကျော်သိန်း-အတွင်းကြေ )၊ 

Runaway (လေးဖြူ - လှမ်း...အဝေး)၊ 

Always (ထွဏ်းထွဏ်း -ရင်တွင်းစကား / စည်သူလွင်- ပြောလေ)၊ 
Blood money (ဟယ်ရီလင်း-အဆိပ်ငွေကြေး/ ဇော်ထက်-လှည့်စားခြင်း )၊ 

Ugly (သျှီ-အမှားမရှိ)၊ 

Miracle(လေးဖြူ- အတောင်ပံများနှင့်)၊ 

This ain't a love song (သျှီ-အိပ်မက်များ/ထွဏ်းထွဏ်း-ချစ်ပြီးရင်/ ဖိုးကျော်-အချစ်သီချင်းလေး လက်ဆောင်)၊ 

I want you (သျှီ-လိုအပ်ချက်များ/ဟယ်ရီလင်း- ဂြိုလ်သားတစ်ယောက်)၊ 
I'd die for you (ခရစ္စတိုဖာ-အဆိပ်ည)

Silent Night (ခရစ္စတိုဖာ-ရက်စက်လိုက်)

In These Arms (မျိုးကြီး-ရင်ခုန်သံအရင်းနှီးဆုံး/ဇော်ထက်- မျှော်လင့်ခြင်းမီးလျှံများ)

Keep the Faith (ဘရိတ်ကီ-ယုံကြည်စိတ်/ ရင်ဂို-အသက်ကယ်ဆေး)

Living in Sin (မျိုးကြီး- အပြစ်တခုဖန်ဆင်း)

Born to be my Baby (မျိုးကြီး -ဖန်ဆင်းရှင်/ ခရစ္စတိုဖာ- ကမ္ဘာကြီးအကြောင်းသိချင်တယ်)

Heartbreaking events (မျိုးကြီး- နေမဝင်အချစ်)

Stick to your Gun (ထွဏ်းထွဏ်း-နားလည်ပါချစ်သူ)

I'll be there for you (ထွဏ်းထွဏ်း-မရှိတော့ဘူး)

Burning (ထွဏ်းထွဏ်း-ခံနိုင်ရည်မှတ်တိုင် )

Bad Medicine (ထွဏ်းထွဏ်း-လင်းယုန်ခွန်အား)

Janie Don't Take Your Love In Town (ထွဏ်းထွဏ်း-ဆုတောင်း)

In and Out of Love (ထွဏ်းထွဏ်း-ပြန်ရှာပေးပါဦး)

Diamond Ring (ဖိုးကျော်-ပန်ဆင်ပါ/ထွဏ်းထွဏ်း- မပြောင်းလဲဘူး)

Someday I'll be Saturday Night (ထွဏ်းထွဏ်း-အလှဆုံးမနက်ဖြန်)

Wanted Dead Or Alive (သူရိန်စိုး -ငါလိုအပ်တယ်)

Lie to me (ထွဏ်းထွဏ်း-မင်းလိမ်ပါ/ဖိုးကျော်- ခိုဝင်လှည့်မယ်)

Prayer 94 (ထွဏ်းထွဏ်း-ပုံပြင်ဆန်ဆန်)

If I was your mother(လေးဖြူ- အတောင်ပံတစ်စုံရဲ့စွမ်းအား)

Dying Ain't Much of a Living (ဖိုးကျော်-တံတိုင်းကြီးခြား)

Hey God (ရင်ဂို-စိတ်နယ်လွန်ည)

Bed of Roses( ဖိုးကျော်-ပေးအပ်ထားခဲ့)

Woman in Love(ဟယ်ရီလင်း-မိန်းကလေးမဟုတ်ဘူး)

Living on a Prayer( ဘီလီထွန်း-အေးစက်သွားတော့မှာလား)

It's all about loving you (စည်သူလွင်- မင်းအတွက်အသက်ရှင်သူ) အစရှိသည်တို့ ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Corvettes for Sale: Jon Bon Jovi is Selling His 1974 Corvette on eBay (corvetteblogger)