• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • EV Pilot Project အဖြစ်တစ်နှစ်ကို EV မော်တော်ယာဉ်အစီးရေ (၃၀၀၀၀) တင်သွင်းနိုင်ရန် လျာထားသော်လည်း လက်ရှိအချိန်အထိ (၁၅၀၀)ကျော်သာ တင်သွင်းနိုင်သေး

EV Pilot Project အဖြစ်တစ်နှစ်ကို EV မော်တော်ယာဉ်အစီးရေ (၃၀၀၀၀) တင်သွင်းနိုင်ရန် လျာထားသော်လည်း လက်ရှိအချိန်အထိ (၁၅၀၀)ကျော်သာ တင်သွင်းနိုင်သေး

  • 202 views


EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ Pilot Project အဖြစ် တစ်နှစ်ကို EV မော်တော်ယာဉ်အစီးရေ (၃၀၀၀၀) တင်သွင်း နိုင်ဖို့ လျာထားတယ်လို့ ကားတင်သွင်းခွင့်လုပ်ငန်းရှင်တွေက ပြောဆိုနေပါတယ်။ဒါပေမဲ့ နိုဝင်ဘာလကုန်အထိ အစီးရေ (၁၅၁၁) စီးသာ မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လစဉ်ထုတ်ပြန်နေတဲ့ မော်တော်ယာဉ်စာရင်းတွေအရ သိရပါတယ်။ အစိုးရဲ့ ဦးစားပေးတင်သွင်းခွင့် အမျိုးအစားတွေထဲမှာ စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေး စတဲ့ကုန်ပစ္စည်းတွေကို ဦးစားပေးတင်သွင်းခွင့်ပြုထားပြီး EV ကား မပါဝင်တဲ့အတွက် EV ကားတင်သွင်းမှု မြင့်တက်လာနိုင်ချေ မရှိသေးဘူးလို့ BYD Essential Motor Co.,ltd မှ Executive Director ဒေါက်တာစိုးထွန်းက ဒီဇင်ဘာလ(၁၆) ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Automobile Networking Dinner အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေ အကန့်အသတ်ကြောင့် တင်သွင်းခွင့်နည်းခဲ့သလို လာမယ့်နှစ်မှာလည်း EV ကား တင်သွင်းတဲ့အရေအတွက် အများကြီး ခွင့်ပြုမှာမဟုတ်ဘူးလို့ ဒေါက်တာစိုးထွန်းက ပြောထားပါတယ်။ ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနရဲ့ အခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းတွေအရ EV လူစီး မော်တော်ယာဉ် (၁၅၁၁)စီး၊ ကုန်တင်ယာဉ်(ဝန်ပေါ့) (၂)စီး၊ EV ဆိုင်ကယ် (၂၃၀၀)ကျော်နဲ့ EV သုံးဘီးယာဉ် (၂၂၀)ကျော်တို့ကို မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

 

 

 

လျှပ်စစ်ကားနဲ့ ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်အပေါ် Pilot Project အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး EV ကားတွေအတွက် အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ လမ်းတံတား ကောက်ခံကြေးတွေကိုလည်း ကင်းလွတ်ခွင့်ပြုထားတယ်လို့ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com