Myanmar Automobile Networking Dinner ကို ရန်ကုန်မြို့ဝန်ကြီးများရုံးတွင်ကျင်းပပြုလုပ်

  • 249 views

မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းရဲ့ (Myanmar Automobile Networking Dinner)ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)ရဲ့ နာယက ဒေါက်တာစိုးထွန်း၊ ဥက္ကဋ္ဌ ဦးဇော်ထိုက်အေး၊ အသင်းအမှုဆောင်အဖွဲ့ဝင်တွေနဲ့ ညီနောင်အသင်းအဖွဲ့က လုပ်ငန်းရှင်တွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

 

မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ဟာ မော်တော်ယာဉ်တင်သွင်းခွင့် မှုဝါဒအဆင့်ဆင့်ပြောင်းလဲရေးမှာ ဌာနဆိုင်ရာတွေနဲ့ ကုန်သည်စက်မှုအသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ Automobile Policy ရေးဆွဲတဲ့နေရာမှာလည်း အသင်းချုပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်သုံးယာဉ်တွေအကြောင်းကို အများပြည်သူတွေ သိရှိအောင်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

 

 

မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အနေနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ နေပြည်တော်ကောင်စီ ၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အသင်းခွဲတွေ ဖွဲ့စည်းထားပြီး ကျန်တိုင်းဒေသကြီးတွေမှာလည်း တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း( MAMDA )ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြောပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com