- ပင်မစာမျက်နှာ
- ကားသတင်းများ
- စက်မှုကုန်ထုတ်အသင်းအနေဖြင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီရရှိအောင်ဆောင်ရွက်ပေးခဲ့ကြောင်း အသင်းဥက္ကဋ္ဌ ပြောဆို
စက်မှုကုန်ထုတ်အသင်းအနေဖြင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီရရှိအောင်ဆောင်ရွက်ပေးခဲ့ကြောင်း အသင်းဥက္ကဋ္ဌ ပြောဆို
- 94 views
မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းအနေနဲ့ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်သုံးဆီ ဝယ်ယူရရှိမှုတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ် သူများအသင်းဥက္ကဋ္ဌ ဦးအေးထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းစက်သုံးဆီဝယ်လိုအား မြင့်တက်လာတာ၊ နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲနဲ့ စင်ကာပူနိုင်ငံစက်သုံးဆီဈေး မြင့်တက်မှုတွေကြောင့် ပြည်တွင်းမှာ စက်သုံးဆီအခက်အခဲတချို့ ရှိခဲ့ပါတယ်။
စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ စက်သုံးဆီတွေကို မိမိတို့အစီစဉ်နဲ့ တင်သွင်းရမယ်လို့ ညွှန်ကြားချက်ထွက်ခဲ့ပြီးတဲ့နောက်မှာ စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလည်ပတ်အောင် စက်သုံးဆီရရှိရေး ဆောင်ရွက်မှုတွေရှိခဲ့ပြီး မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းအနေနဲ့လည်း ဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီဆိုင်တွေကို စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ပြည်တွင်းစက်သုံးဆီဆိုင်တွေမှာ ပုံမှန်အတိုင်း ဆီဝယ်ယူရရှိနိုင်ပြီဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက ပြောဆိုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com