၃ စီးတည်းသာ ထုတ်လုပ်ထားသော ဒေါ်လာ ၂၈ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံးမော်တော်ကား Rolls-Royce Boat Tail တစ်စီး ဒူဘိုင်းတွင် တွေ့ရ

  • 413 views

 

ကန်ဒေါ်လာ ၂၈ သန်းတန် Rolls-Royce Boat Tail တစ်စင်းကို ဒူဘိုင်းတွင် တွေ့ခဲ့ကြသည်။

ကမ္ဘာပေါ်တွင် ၃ စင်းတည်းသာ ထုတ်လုပ်ထားသော Rolls-Royce Boat Tail ကို ဒူဘိုင်းမှ လူလုပ်ကျွန်း Palm Jumeirah တွင်တွေ့ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာသည်။

Nautical ဒီဇိုင်းဟန်ဖြင့် အထူးထုတ်လုပ်ထားသော Rolls-Royce Boat Tail သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ကားသစ်တစ်စီးဖြစ်သည်ဟု ယူဆကြသည်။

၃ စင်းသာ ထုတ်လုပ်ထားသည်အနက်တစ်စင်းဖြစ်ပြီး ကာဘွန် ဖိုက်ဘာ အမိုးရှင် တပ်ဆင်ထားရာ Coupe အဖြစ်မှ Convertible သို့ သွားနိုင်သည်။

Boat Tail ၃ စင်းကို မည်သည့်ပုဂ္ဂိုလ်များ ပိုင်ဆိုင်ထားသည်ဆိုသည့်အချက်အား Rolls-Royce က ထုတ်ဖော် ပြောပြထားခြင်းမရှိသော်လည်း ဒူဘိုင်းတွင် တွေ့ခဲ့ရသော အပြာရောင်တစ်စင်းမှာ Jay-Z ပိုင်ဆိုင်ထားခြင်းဖြစ် သည်ဟူသော မှန်းဆချက်များ ရှိသည်။

 

 

ဒူဘိုင်းတွင် တွေ့ခဲ့ကြသော အပြာရောင်ကား၏ ပိုင်ရှင်မှာ အမေရိကန်တစ်ဦးဖြစ်ပြီး ဂီတနယ်မှဖြစ်သည်ဟူသော သတင်းများအပေါ် အခြေခံကာ Jay-Z ၏ ကားဖြစ်သည်ဟု ခန့်မှန်းကြခြင်း ဖြစ်သည်။

ထို့အပြင် ကားအတွင်းတွင် Armand de Brignac အမျိုးအစား ရှန်ပိန်ပုလင်းများ ထည့်ထားသည့် ရေခဲသေတ္တာ တစ်ခု၏ ဓာတ်ပုံကို တွေ့ရှိမှုကြောင့်လည်း ကားပိုင်ရှင်မှာ Jay-Z ဖြစ်နိုင်သည်ဟု ယူဆကြခြင်း ဖြစ်သည်။

 

(Armand de Brignac ရှန်ပိန်ကို LVMH နှင့် Jay-Z တို့က ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်)

Supercar Blondie သတင်းဌာနမှ Sergi Galiano ရိုက်ကူးခဲ့သော ဗွီဒီယိုဖိုင်အရ ကားမောင်းသူမှာ ရွှေရောင်ဆံပင်ရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်ကို တွေ့ရသည်။

ဘီယွန်းစေး ဖြစ်နိုင်သလား။

ဖြစ်နိုင်ချေ ရှိသည်။

အကယ်၍ ဘီယွန်းစေးသာဖြစ်ခဲ့ပါက သူ့ကားနောက်တွင် ကိုယ်ရံတော်ကား ၁ စင်း (သို့မဟုတ်) ၂ စင်း လိုက်ပါဖွယ်ရှိသည်။

 

 

ရိုးရွိုက်ကပြောသည်မှာ ထုတ်လုပ်ထားသော ကား ၃ စင်းတွင် တစ်စင်းစီတိုင်းသည် ဝယ်ယူသူ၏ စိတ်ကြိုက် ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး ကိုယ်ပိုင်သမိုင်းကြောင်း ၊ အရသာနှင့် အကြိုက်တို့ကို ထင်ဟပ်ပြသနေ ကြောင်းပြောသည်။

ယခုရက်သတ္တပတ်အတွင်း ဒူဘိုင်းတွင် တွေ့ခဲ့ရသော Boat Tail သည် အရိပ်ထဲတွင်ဆိုလျှင် အရောင်ဖျော့ဖျော့သာ ဖြစ်သော်လည်း အလင်းထဲတွင် တောက်ပစေရန် ဖန်တီးထုတ်လုပ်ထားသည်။

 

 

ကား၏အလျား ၁၉ ပေရှိပြီး ရိုးရွိုက်စ်၏ Signature ဖြစ်သော 6.75 –liter V12 အင်ဂျင်တပ်ဆင်ထားသည်။

အလေးချိန်၂၁၀၀ ကီလိုဂရမ်ရှိသော်လည်း 62mph ကို ၅ စက္ကန့်အတွင်း ရရှိနိုင်သည်။

အမြင့်ဆုံးမြန်နှုန်းမှာ ၂၅၀ kmph (၁၅၅ mph) ဖြစ်သည်။

 

 

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  $28 million Rolls-Royce Boat Tail spotted in Dubai  (supercarblondie)