ပြည်တွင်းစက်သုံးဆီဈေး အကျဘက်ပြန်ရောက်လာ

  • 336 views

 

ပြီးခဲ့တဲ့ဒီဇင်လာလအစပိုင်းက ရုတ်တရက်မြင့်တက်လာတဲ့စက်သုံးဆီဈေးနှုန်းတွေဟာ ရက်ပိုင်းအတွင်းတဖြေးဖြေးကျဆင်းလာပြီးအကျဘက်ရောက်ရှိလာပါတယ်။ အခုအပတ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးကတော့ ရန်ကုန်မှာ 92 Ron တစ်လီတာကိုငွေကျပ် (၂၄၄၅)ကျပ်ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက်ဈေးကျလာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ပြည်နယ်တိုင်းတွေမှာ စက်သုံးဆီတွေပြတ်လပ်တဲ့အထိဖြစ်ပေါ်ခဲ့တာကို ပြည်လည်ဖြေရှင်းပေးခဲ့ပြီး အခုဒီဇင်ဘာလကုန်အထိစက်သုံးဆီတင်သင်္ဘော (၂၇)စီးဆိုက်ကယ်ဖို့ ရှိတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီဆိုင်တွေမှာ ပုံမှန်အတိုင်းပြန်လည်ဝယ်ယူလို့ရရှိနေပြီလို့ နိုင်ငံပိုင်သတင်းတွေမှာဖော်ပြထားပါတယ်။

ပြည်တွင်းစက်သုံးဆီတွေကို အိမ်နီးချင်စင်္ကာပူနိုင်ငံကဝယ်ယူတာကြောင့် စင်္ကာပူနိုင်ငံရဲ့ဈေးနှုန်းအတက်အကျနဲ့ နိုင်ငံခြားငွေလဲနှုန်းပေါ်မူတည်ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်း အပြောင်းလဲဖြစ်ပေါ်နေတာပါ။ စက်သုံးဆီဈေးဂယက်ရဲ့နောက်ဆက်တွဲကြောင့် EV လျှပ်စစ်သုံးမော်တော်ယာဉ်တွေကို လူစိတ်ဝင်စားမှုပိုမြင့်တက်လာပြီး ဝယ်ယူသူအနည်းငယ်မြင့်တက်လာတယ်လို့ ကားဝယ်ရောင်းတွေကပြောပါတယ်။

လက်ရှိ ရန်ကုန်စက်သုံးဆီဈေးနှုန်းဟာ 92 Ron တစ်လီတာကို ငွေကျပ်(၂၄၄၅)ကျပ် ၊ 95 Ron တစ်လီတာကို ငွေကျပ် (၂၅၄၅)ကျပ် ၊ ဒီဇယ်တစ်လီတာကို ငွေကျပ်(၂၁၈၅)ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ငွေကျပ်(၂၂၄၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com