EV ကား အရောင်းအဝယ်ပြန်ဖြစ်လာပြီး ကျပ်သိန်း (၂၀၀)ကျော် မြင့်တက်လာ

  • 554 views

 

EV ကားအရောင်းအဝယ်ပြန်ဖြစ်လာပြီး ငွေကျပ်သိန်း (၂၀၀) ကျော် ကနေ ကျပ်သိန်း (၄၀၀) ဝန်းကျင်အထိဈေးမြင့်တက်လာတယ်လို့ ပြည်တွင်း EV လုပ်ငန်းရှင်တွေနဲ့ EV ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေကပြောပါတယ်။ Leapmotor T03 EV ကားလေးတွေဟာ ကျပ်သိန်း (၄၀၀) ဝန်းကျင်ပေါက်ဈေးရှိရာကနေ ကျပ်သိန်း (၅၀၀) ကျော်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ကားဝယ်ရောင်းတွေကပြောပါတယ်။

လူကြိုက်များတဲ့ BYD ဈေးနှုန်းဟာဆိုရင်လည်း ကျပ်သိန်း (၈၀၀) ကျော် ကနေ ကျပ်သိန်း(၁၀၀၀) ကျော်အထိ ဈေးမြင့်လာပါတယ်။EV Pilot Project အနေနဲ့ ပြည်တွင်းကို EV ကားအစီးရေ (၃၀၀၀၀) ကျော် တင်သွင်းဖို့လျာထားပေမယ့် အခြေခံအဆောက်အဦ၊ လျှပ်စစ်မီး နဲ့ နိုင်ငံခြားငွေလဲနှုန်းအခက်အခဲတွေကြောင့် လက်ရှိအချိန်အထိ EV ကားအစီးရေ(၁၀၀၀) နီးပါသာတင်သွင်းနိုင်သေးတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ နေရာ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြင့် EV အားသွင်းရုံ အဖြစ်သတ်မှတ်ထားပြီး အားသွင်းရုံ (၁) ခုကို EV ကားအစီးရေ(၅၀)သွင်းနိုင်အားဖြည့်နိုင်မယ်လို့ ဆိုပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com