ရန်ကုန်ကားအရောင်းအဝယ်ဈေးကွက် သင့်တင့်သည့်ဈေးနှုန်းများဖြစ်နေပြီး အရောင်းအဝယ်တည်ငြိမ်နေ

  • 509 views


လတ်တလောရန်ကုန်ကားအရောင်းအဝယ်ဈေးကွက်ထဲမှာ အရောင်းရောအဝယ်ပါတည်ငြိမ်နေပြီး ကားဈေးနှုန်း တွေဟာလည်းဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းတွေမှာရှိနေတယ်လို့ ရန်ကုန်မြို့ကားဝယ်ရောင်းလုပ်ကိုင် နေသူတွေဆီကနေ သိရပါတယ်။ အရင်လတွေတုန်း လောင်စာဆီသုံးအိမ်စီးကားဈေးတွေဟာ မြင့်တက်လာပြီး လက်ရှိအချိန်မှာတော့ ဈေးနှုန်းတည်ငြိမ်နေတာ ဖြစ်ပါတယ်။

အရင်ကရင်းနှီးမြှပ်နှံလိုသူတွေဟာ ကားနဲ့အိမ်ခြံမြေကိုအာရုံစိုက်လာတာကြောင့် ဈေးနှုန်းတွေမြင့်တက်တာဖြစ်ပြီး လက်ရှိမှာရင်းနှီးမြှပ်နှံလိုသူတွေဟာ ဒေါ်လာဈေးကွက်ကိုမျက်စိကျလာတယ်လို့ ဝါရင့်ကားဝယ်ရောင်းတွေက ပြောပါတယ်။ ရန်ကုန်လောင်စာဆီသုံးအိမ်စီးကားဈေးကွက်ကတော့ ပုံမှန်ဈေးနှုန်းအတိုင်း အရောင်းအဝယ်တည်ငြိမ်နေတယ်လို့ ရန်ကုန်မြို့ကားဝယ်ရောင်းလုပ်ကိုင် နေသူတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် EV လျှပ်စစ်ကားဈေးနှုန်းတွေဈေးအနည်းငယ်ကျဆင်းလာပြီး အရင်ကထက် ကျပ်သိန်း(၂၀၀)လောက်ပေါက်ဈေးရှိနေတယ်လို့ EV ကားဝယ်ရောင်းလုပ်ကိုင်သူတွေကဆိုပါတယ်။ အိမ်ခြံမြေနဲ့ကားဈေးနှုန်းတွေတည်ငြိမ်နေပေမယ့် ဒေါ်လာဈေး၊ ရွှေဈေးတွေကတော့ ဈေးအမြင့်ဘက်မှာရှိနေပါတယ်။ပြင်ပဈေးနှုန်းတွေအရ  (၁)ဒေါ်လာကို မြန်မာငွေ (၃၅၀၀) ဝန်းကျင်မှာရှိနေသလို ရန်ကုန်ရွှေဈေးဟာလည်း (၃၇) သိန်းကျော်ရည်ညွှန်းသတ်မှတ်ထားလို့ ရန်ကုန်တိုင်းရွှေအသင်းက သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com