- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်နိုင်ငံက ရုရှားနိုင်ငံသို့ ယခုနှစ် (၈) လတာ ကာလအတွင်း သူ့နိုင်ငံထုတ်ကားများကို အများဆုံးတင်ပို့ခဲ့
တရုတ်နိုင်ငံက ရုရှားနိုင်ငံသို့ ယခုနှစ် (၈) လတာ ကာလအတွင်း သူ့နိုင်ငံထုတ်ကားများကို အများဆုံးတင်ပို့ခဲ့
- 162 views
(၂၀၂၃) ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လ အထိ(၈)လတာ ကာလအတွင်း ရုရှားနိုင်ငံကို တရုတ်ကားတွေ တင်ပို့မှုအများဆုံးဖြစ်ခဲ့ပြီး အစီးရေ (၅၄၄၀၀၀) ကျော်တင်ပို့နိုင်ခဲ့တယ်လို့ တရုတ်ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ တရုတ်နိုင်ငံရဲ့ကားတင်ပို့ကို လစဉ်ထုတ်ပြန်နေတဲ့ တရုတ်အစိုးရရဲ့ အချက်အလက်တွေကို ကိုးကားဖော်ပြကြတာလည်း ဖြစ်ပါတယ်။
ရုရှား ၊ ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်အဖြစ် ရုရှားနိုင်ငံကနေ ကားကုမ္ပဏီတော်တော်များများ ထွက်ခွာသွားကြလို့ ဆက်ဆံရေးပြေလည်တဲ့ တရုတ်နိုင်ငံနဲ့ ကားတင်သွင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ စာရင်းအရကတော့ တရုတ်ကားတင်သွင်းနေတဲ့နိုင်ငံ(၁၀)နိုင်ငံထဲမှာ ရုရှားနိုင်ငံက ထိပ်ဆုံးမှာရှိနေတာပါ။ သူ့အောက်မှာတော့ မက္ကဆီကို ၊ ဘယ်ဂျီယံ တို့က(၂) နဲ့ (၃) နေရာမှာ ရှိနေတာပါ။
တရုတ်နိုင်ငံရဲ့ ကားတင်ပို့မှုဟာ (၂၀၁၃) နောက်ပိုင်းမှာ အနည်းငယ်ကျဆင်းခဲ့ပြီး (၂၀၁၇) ကစပြီး ပြန်လည်ဦးမော့လာကြောင်း တရုတ်ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com