ပြည်တွင်းရှိ စက်မှုလုပ်ငန်းရှင်မှာ မိမိတို့အစီစဉ်ဖြင့် စက်သုံးဆီတင်သွင်းရမည်။

  • 316 views

ပြည်တွင်းမှာရှိတဲ့ စက်မှုလုပ်ငန်းရှင်တွေကို သွင်းကုန်လိုင်စင်ထုတ်ပေးပြီး မိမိတို့အစီစဉ်နဲ့ စက်သုံးဆီတင်သွင်းဖို့ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးကို ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အရင်က အဲဒီစက်မှုဇုန်တွေကို နိုင်ငံတော်အစီအစဉ်နဲ့ စက်သုံးဆီ ရောင်းချပေးခဲ့ပေမယ့်လည်း အခုအခါ သွင်းကုန်လိုင်စင်ထုတ်ပေးပြီး မိမိတို့အစီစဉ်နဲ့ စက်သုံးဆီတင်သွင်းဖို့ ညွှန်ကြားတယ်လို့ စက်မှုလုပ်ငန်းရှင်တချို့က ပြောပါတယ်။

စက်မှုလုပ်ငန်းရှင်တွေ ကိုယ်ပိုင်အစီစဉ်နဲ့ စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းစဉ်ကို အခုဒီဇင်ဘာလ(၅)ရက်နေ့ စတင်မှာဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့လည်း ပို့ကုန်ရငွေရဲ့ (၅၀)ရာခိုင်နှုန်းကို ပြင်ပဈေးကွက်နှုန်းထားအတိုင်း လွတ်လပ်စွာရောင်းချခွင့်ပြုဖို့ ပြန်လည်တောင်းဆိုထားပါတယ်။

 

 

အခုဒီဇင်ဘာလ ပထမအပတ်ထဲမှာပဲ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ပြန်လည်မြင့်တက်ခဲ့ပါတယ်။ လက်ရှိ ဒီဇင်ဘာ(၁)ရက်နေ့မှာ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေဟာ 92 Ron တစ်လီတာကို ငွေကျပ်(၂၅၁၀)၊ 95 Ron တစ်လီတာကို ငွေကျပ်(၂၃၀၀)၊ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၃၀၅) ကျပ်နဲ့ ပရီမီယံ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၃၁၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com