တရုတ်နိုင်ငံထုတ် EV ကား (၁၉) စီး ပြည်တွင်းသို့ ထပ်မံရောက်ရှိလာ

  • 367 views

 

တရုတ်နိုင်ငံထုတ် EV ကား စုစုပေါင်း(၁၉) စီးဟာ မြန်မာ့စက်မှုဆိပ်ကမ်းကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ပြီး သက်ဆိုင်ရာကုမ္ပဏီကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ 

တရုတ်နိုင်ငံထုတ် JAC T8EV,2023 MDl (၁)စီး ၊ JAC e_JS4 (၅)စီး နဲ့ BYD TANG_ (၁၃) စီးဟာ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)ကို ရောက်ရှိလာလို့ ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။

အဲဒီ EV ကားတွေဟာ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့် ရထားတာလည်းဖြစ်ပါတယ်။ လက်ရှိပြည်တွင်း EV ဈေးကွက်ထဲမှာလည်း EV ကားဈေးနှုန်းတွေ ကျပ်သိန်း(၂၀၀) ဝန်းကျင်လောက် ကျဆင်းလာတာကြောင့်လည်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။

 

လတ်တလော ရန်ကုန်ကားဈေးကွက်မှာ EV ကားဈေးတွေ အရောင်းအဝယ်ဖြစ်နေပေမယ့် ငွေကျပ် သိန်း(၂၀၀)ဝန်းကျင်လောက် ဈေးကျသွားတယ်လို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ 

အရင်က ကျပ်သိန်း (၁၇၀၀)ကျော် ပေါက်ဈေးရှိခဲ့တဲ့ EV ကားတွေဟာ အခုလက်ရှိမှာ ကျပ်သိန်း(၁၅၀၀) ဝန်းကျင်အထိသာ ပေါက်ဈေးရှိတော့တယ်လို့ အဲဒီအသင်းကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com