ဒီဇယ်ဆီကို ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် ပိုမိုအလေးထားဟုဆို

  • 235 views

 

နိုင်ငံအတွင်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေဖို့အတွက် အဓိကလိုအပ်တဲ့ ဒီဇယ်ဆီကို အရင်ထက်ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးနေတယ်လို့ သတင်း ထုတ်ပြန်လိုက်ပါတယ်။ 

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေမှာ ဒီဇယ်ကိုလုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ အဓိကအားဖြင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းတဲ့ စင်ကာပူနိုင်ငံကထုတ်ပြန်တဲ့ဈေးနှုန်း ၊ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းတွေပေါ်မူတည်ပြီး ဈေးအတက်အကျ ရှိတာပါ။

လက်ရှိ ဒီဇင်ဘာလ(၁) ရက်နေ့မှာ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေဟာ 92 Ron တစ်လီတာကို ငွေကျပ်(၂၅၁၀)၊ 95 Ron တစ်လီတာကို ငွေကျပ်(၂၃၀၀)၊ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၃၀၅) ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၃၁၀) ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com