- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကွမ်ကျိုးမြို့တွင် ကျင်းပသော ကားပြပွဲ၌ ၅၅ စက္ကန့်အတွင်း အစင်း ၇၀ ရောင်းထွက်ခဲ့သော Tank 700 လျှပ်စစ် Hybrid ကား
ကွမ်ကျိုးမြို့တွင် ကျင်းပသော ကားပြပွဲ၌ ၅၅ စက္ကန့်အတွင်း အစင်း ၇၀ ရောင်းထွက်ခဲ့သော Tank 700 လျှပ်စစ် Hybrid ကား
- 302 views
တရုတ်ပြည်၊ ကွမ်ကျိုးမြို့၌ ကျင်းပသော ကားပြပွဲ၌ ကားအစင်း ၇၀ ကို ၁ မိနစ်ပင် မရှိသော အချိန်ကာလ အတွင်း ရောင်းချနိုင်ခဲ့သည်။
ယင်းကဲ့သို့ အရောင်းအလွန်သွက်ခဲ့သည်မှာ တရုတ်ပြည်တွင်း ကားကုမ္ပဏီတစ်ခုဖြစ်သော Wall Motor ထုတ် Tank 700 မော်ဒယ် လျှပ်စစ် Hybrid ကားဖြစ်သည်။
Wall Motor က ကွမ်ကျိုးကားပြပွဲတွင် Tank 700 ကို ကြိုပွိုင့်ရောင်းချခဲ့ခြင်း ဖြစ်သည်။
Tank 700 Hi4-T မော်ဒယ်သည် Mercedes-Benz G-Class နှင့် Land Rover Defender တို့ ပေါင်းစပ်ထား သည့် ဒီဇိုင်းမျိုးဖြစ်သော်လည်း Made in China ပုံစံမျိုးဖြင့် ချဉ်းကပ်ထားသည်။
အဆိုပါ SUV ကို Great Wall Motor က ထုတ်လုပ်သည်။
ထိုမော်ဒယ်ကို Series လိုက်ထုတ်လုပ်မည်ဖြစ်သော်လည်း ပထမဆုံးအသုတ်မှာမူ အစင်းရေ ၇၀ သာ ရှိမည် ဖြစ်သည်။
ထိုပထမအသုတ် အစင်း ၇၀ လုံးကို ကွမ်ကျိုးကားပြပွဲတွင် ၅၅ စက္ကန့်အတွင်း ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။
ဈေးနှုန်းမှာ ယွမ် ၇၀၀၀၀၀ (ကန်ဒေါ်လာ ၉၈၇၀၄) မှစသည်။
ပထမဆုံးမှာယူသူများအနေဖြင့် လာမည့်နှစ် ဖေဖော်ဝါရီတွင် Tank 700 များ ရရှိမည် ဖြစ်သည်။
ကားဈေးနှုန်းတွင် တသက်တာအာမခံ ၅ မျိုး ပါဝင်ပြီးဖြစ်ရာ အခြေခံ ပြုပြင်ထိန်းသိမ်းမှု ၊ Powertrain ၊ ကား၏ အင်တာနက် ၊ မောင်းနှင်ရင်း လမ်းပေါ်တွင် ကားပျက်ပါက အကူအညီပေးမည့် အဖွဲ့စေလွှတ်ပေးခြင်းများ အပါအဝင် ဖြစ်သည်။
Tank 700 သည် အလျား ၂၀၁ ဒသမ ၃ လက်မ ၊ အကျယ် ၈၁ လက်မနှင့် အမြင့် ၇၆ ဒသမ ၈ လက်မရှိကာ Wheelbase မှာ ၁၁၈ ဒသမ ၁ လက်မရှိသည်။
Tank 700 Hi4-T တွင် 3.0-liter bi-turbo V6 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၅၅ အား ထွက်ရှိကာ ရုန်းအားမှာ (500Nm) ရှိသည်။
ထို့အပြင် မြင်းကောင်ရေ ၅၁၀ အားရှိပြီး ရုန်းအား ၇၅၀ Nm ရှိသော လျှပ်စစ်မော်တာတစ်လုံးလည်း ပါဝင်ကာ 9-speed automatic transmission ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Gone in 55 Seconds: Chinese Car Brand Sells 70 'Tank 700' Cars in Less Than a Minute (autoevolution)