- ပင်မစာမျက်နှာ
- ကားသတင်းများ
- နာမည်ကြီး အမိုက်စား တရုတ်လျှပ်စစ်ကားသစ်များ Zeekr ၊ BYD နှင့် Xpeng
နာမည်ကြီး အမိုက်စား တရုတ်လျှပ်စစ်ကားသစ်များ Zeekr ၊ BYD နှင့် Xpeng
- 200 views
နိုဝင်ဘာလသည် တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့အကြား လှုပ်လှုပ်ရှားရှားရှိသော လတစ်လဖြစ်သည်။
၂၀၂၃ ခုနှစ် ကွမ်ကျိုးကားပြပွဲ ကျင်းပမှုနှင့်အတူ တရုတ်ကားထုတ်လုပ်သူတို့ထံမှ ကားသစ်ထုတ်လုပ်မှု သတင်းများ တပြိုင်တည်း စုပြုံထွက်ပေါ်လာခဲ့သည်။
ယင်းတို့အနက် Zeekr,BYD နှင့် Xpeng တို့၏ သတင်းများကို စုစည်းဖော်ပြအပ်ပါသည်။
(Zeekr 007 )
ပထမဆုံး ဖော်ပြလိုသည်မှာ Zeekr ထုတ် ကားမော်ဒယ်တစ်ခု၏ နာမည်ရွေးချယ်မှု ဖြစ်သည်။
နာမည်ကြီး ဟောလိဝုဒ်ဇာတ်ကောင် ဂျိမ်းစ်ဘွန်း၏ အထင်ကရ ကိုယ်ပိုင်နံပါတ် 007 ကို ရယူထားသော ကားမော်ဒယ်ဖြစ်ပြီး အဆင့်မြင့်နည်းပညာ ၊ အမိုက်စားဒီဇိုင်းများဖြင့် ပေါင်းစပ်ထားသည်။
Zeekr 007 ကားမော်ဒယ်သစ်သည် 0 to 100km ကို ၂ ဒသမ ၈၄ စက္ကန့်အတွင်း ရရှိနိုင်ပြီး 800V Powertrain ရှိသည်။
အကောင်းဆုံး အရည်အသွေးရှိ ADAS (အဆင့်မြင့် ယာဉ်မောင်းအထောက်အကူစနစ်) ကို NVIDIA နှင့် ပူးပေါင်းထုတ်လုပ် ထည့်သွင်းပေးထားသည်။
007 ၏ Long-range ဗားရှင်းမှာ ၈၇၀ ကီလိုမီတာ (၅၄၁ မိုင်) နှုန်းအထိ အမြင့်ဆုံးမြန်နှုန်း မောင်းနှင်နိုင်သည်။
Zeekr 007 ကို လာမည့် ဇန်နဝါရီလတွင် စတင်ဖြန့်ချိမည် ဖြစ်သည်။
(BYD Sea Lion 07)
တရုတ်ပြည်တွင်းတွင်သာမက တကမ္ဘာလုံး EV ရောင်းအားတွင် ထိပ်တန်းမှ ရပ်တည်နေသည်မှာ BYD ဖြစ်သည်။
သတိရ၍ BYD ကို တစ်ချက်လှည့်ကြည့်လိုက်တိုင်း EV မော်ဒယ်သစ်တစ်စီး ထုတ်လုပ်နေသည်။
Sea Lion သည် လျှပ်စစ် SUV ဖြစ်ပြီး BYD ထုတ် Ocean Series တွင် ပါဝင်သည်။
Sea Lion 7 ၏ ဈေးနှုန်းမှာ ယွမ်ငွေ ၂၀၀၀၀၀ (ကန်ဒေါ်လာ ၂၇၆၀၀) မှ ယွမ်ငွေ ၂၆၀၀၀၀ (ကန်ဒေါ်လာ ၃၆၀၆၀) ကြား ကျသင့်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
(Xpeng X9)
Xpeng က အသစ် ထုတ်လုပ်လိုက်သော X9 MPV မှာ ထိုင်ခုံ ၇ လုံးပါဝင်ပြီး ကယ်လီဖိုးနီးယားမှ လမ်းလျှောက် ဝင်နိုင်သော အဝတ်အစားထားသိုခန်းတစ်ခုထက် ပိုမိုကျယ်ဝန်းသည်။
ဤမော်ဒယ်မှာ ဈေးမသက်သာလှ။
X9 ၏ ကြိုပွိုင့်ဈေးနှုန်းမှာ ယွမ်ငွေ ၃၈၈၀၀၀ (ကန်ဒေါ်လာ ၅၃၈၀၉) မှစသည်။
X9 တွင် အထင်ကြီးဖွယ်ရာ XNGP ADAS စနစ်ပါဝင်ပြီး ဈေးကွက်အတွင်းရှိ အကောင်းဆုံးယာဉ်မောင်း အထောက်အကူစနစ် ဖြစ်ဖွယ်ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Zeekr 007, BYD Sea Lion, XPeng X9 — Hot New Chinese Electric Vehicles (cleantechnica)