(၃)ရက်အတွင်း စက်သုံးဆီဈေးငွေကျပ်(၃၀၀)ကျော်မြင့်တက်

  • 297 views

နိုဝင်ဘာလ(၂၈)ရက်နေ့က ငွေကျပ်(၂၁၇၀)ရည်ညွှန်းသတ်မှတ်ထားတဲ့ 95 Ron ဟာ အခုဒီဇင်ဘာလ(၁)ရက်နေ့မှာ တစ်လီတာကို ငွေကျပ်(၂၅၁၀)အထိ မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးအရ သိရပါတယ်။

ဒါ့အပြင် ဒီဇယ်၊ပရီမီယံဒီဇယ်ဈေးတွေလည်းမြင့်တက်လာပြီး တစ်လီတာကို (၂၃၀၀)ကျော်အထိ ဈေးမြင့်တက်လာနေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာတော့ ရန်ကုန်သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘောတွေ ဆက်တိုက်ရောက်ရှိနေပြီး တစ်နိုင်ငံလုံးကို စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေပြီး ပုံမှန်အတိုင်းစက်သုံးဆီဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။

လက်ရှိဒီဇင်ဘာလ(၁)ရက်နေ့မှာ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေဟာ 92 Ron တစ်လီတာကို ငွေကျပ်(၂၅၁၀)၊ 95 Ron တစ်လီတာကို ငွေကျပ်(၂၃၀၀)၊ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၃၀၅) ကျပ်နဲ့ ပရီမီယံ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၃၁၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com