ကိုးရီးယားနှင့်ပူးပေါင်းပြီး ရန်ကုန်ရှိ စွန့်ပစ်အမှိုက်ပုံကြီးများမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်

  • 129 views

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ စွန့်ပစ်အမှိုက်ပုံကြီးတွေကတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကိုးရီယားစွမ်းအင်ကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့်အမှိုက်ပုံတွေဟာ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင်အမှိုက်ပုံတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက အဲဒီ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကထွက်ရှိတဲ့ ဓာတ်ငွေ့များကို စုပေါင်းသန့်စင်ပြီး မီးရှို့ခြင်းနဲ့ လျှပ်စစ်ထုတ်ယူခြင်းလုပ်ငန်းကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီအမှိုက်ပုံတွေကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မယ့်အခြေအနေ ၊ စီမံကိန်းစတင်မယ့်အချိန်နဲ့ ပြီးဆုံးမယ့်အချိန်ဆိုပြီး စီမံကိန်းကို အဆင့်(၃)ဆင့်ခွဲပြီး လုပ်ဆောင်သွားဖို့ဆွေးနွေးနေကြောင်းသိရပါတယ်။

စီမံကိန်းပြီးစီးရင် အမှိုက်ပုံတွေကနေ လျှပ်စစ်ဓာတ်အားရရှိနိုင့်ပမာဏ ၊ ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ ၊ အကျိုးအမြတ်ခွဲဝေနိုင်မယ့်အခြေအနေတွေကို ဆွေးနွေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com