ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၉)

  • 294 views

 

၁၇။ မော်တော်ယာဉ် မှတ်ပုံတင်နံပါတ်ပြား၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အက္ခရာ၊ ဂဏန်းအရွယ်အစား၊ ဆေးရောင်နှင့် လုံခြုံရေးဆိုင်ရာအချက်အလက်တို့သည် ဦးစီးဌာနက သတ်မှတ်သည့် အတိုင်းသာ ဖြစ်ရမည်။

၁၈။ ဦးစီးဌာနသည် အောက်ဖော်ပြပါ မော်တော်ယာဉ် အမျိုးအစားများကို အငှားယာဉ်အဖြစ် မှတ်ပုံတင်ခွင့် ပြုနိုင်သည်-

(က) လူစီးယာဉ်၊

( ခ ) ကုန်တင်ယာဉ်၊

( ဂ ) ခရီးသည်တင်ယာဉ်၊

( ဃ) သုံးဘီးမော်တော်ဆိုင်ကယ်၊

( င ) လူစီးသုံးဘီးမော်တော်ယာဉ်၊

( စ ) ထော်လာဂျီ

(ဆ) ဦးစီးဌာနက သီးခြားထုတ်ပြန်သတ်မှတ်သည့် မော်တော်ယာဉ်များ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com