- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရန်ကုန်မှာ YBS ယာဉ် စီးနင်းသူ(၁.၄) သန်းကျော်ရှိရာကနေ (၁.၃) သန်းကျော်အထိ ရက်ပိုင်းအတွင်း လျော့နည်းလာ ၊ ညပိုင်း YBS စီးနင်းသူ နည်းပါးလာဟု (YRTC) ပြော
ရန်ကုန်မှာ YBS ယာဉ် စီးနင်းသူ(၁.၄) သန်းကျော်ရှိရာကနေ (၁.၃) သန်းကျော်အထိ ရက်ပိုင်းအတွင်း လျော့နည်းလာ ၊ ညပိုင်း YBS စီးနင်းသူ နည်းပါးလာဟု (YRTC) ပြော
- 145 views
ရန်ကုန်မှာ ညပိုင်း YBS စီးနင်းသူအရေအတွက် နည်းပါးလာတဲ့အတွက် ည (၇)ကျော်အထိသာ ပြေးဆွဲပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) နေ သိရပါတယ်။ အရင်လပိုင်းတွေတုန်းက စီးနင်းသူများပြားတဲ့အတွက် YBS ယာဉ်လိုင်းပြေးဆွဲမှုတွေကို ည(၉)နာရီအထိ ပြေးဆွဲပေးဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မှာ YBS ယာဉ်လိုင်းစီးနင်းသူ (၁.၄)သန်းကျော်ရှိရာကနေ အခုလမကုန်ခင် နိုင်ဝင်ဘာလ (၂၈)ရက်နေ့မှာ (၁.၃)သန်းသာ စီးနင်းသူရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရဲ့တရားဝင်လူမှုကွန်ရက် စာမျက်နှာမှာ နေ့စဉ်ထုတ်ပြန်ပေးနေတဲ့စာရင်းတွေအရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဟာ YBS အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နဲ့ ခရီးသည်ယာဉ်စီးရေ နေ့စဉ် (၃၆၀၀)ကျော်ကနေ အစီးရေ(၃၄၀၀)ကြား ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်မှာ ညပိုင်း YBS စီးနင်းသူ ခရီးသည်နည်းပါးလာသလိုပဲ ညပိုင်းအငှားယဉ်စီးနင်းသူတွေလည်း လျော့နည်းလာတယ်လို့ အငှားမောင်းတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com