- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကူလ်ဖီးလေးရဲ့ တေးသံချိုတွင် စီကန်ဒါအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ မိုဟစ် မလစ် အသစ်ဝယ်ယူ လိုက်သောကား
ကူလ်ဖီးလေးရဲ့ တေးသံချိုတွင် စီကန်ဒါအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ မိုဟစ် မလစ် အသစ်ဝယ်ယူ လိုက်သောကား
- 124 views
(မိုဟစ် မလစ် ဘယ်သူလဲ)
မိုဟစ် မလစ်သည် အိန္ဒိယ ရုပ်မြင်သံကြား သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်ပြီး ဒေလီမြို့တွင် ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် မွေးဖွားကာ အသက် ၄၀ အရွယ်ရှိပြီ ဖြစ်သည်။
Zee TV ၏ နာမည်ကျော် ဇာတ်လမ်းတွဲများဖြစ်သော Doli Armaano Ki နှင့် Kullfi Kumarr Bajewala (ကူလ်ဖီးလေးရဲ့ တေးသံချို) ဇာတ်လမ်းတွဲများဖြင့် နာမည်ကြီးသည်။
မလစ်သည် ပန်ချာပီလူမျိုးတစ်ဦးဖြစ်ပြီး ရုပ်ရှင်မင်းသမီး အဒီတီ ရှီရ်ဗေကာ (Addite Shirwaikar) နှင့် ၂၀၁၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အက္ကဘာ အမည်ရှိ သားငယ်တစ်ဦး ထွန်းကားသည်။
မိုဟစ်မလစ် နောက်ဆုံး ပါဝင်ထားသည်မှာ Colors TV ၏ ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော Khatron Ke Khiladi season 12 တွင် ပါဝင်ထားသည်။
မိုဟစ်မလစ်သည် ၂၀၀၅ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော Star Plus ၏ ရုပ်သံဇာတ်လမ်းတွဲ Miilee တွင် ဝင်ရောက်သရုပ်ဆောင်ကာ အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
ထိုဇာတ်လမ်းတွဲတွင် ရုပ်ရှင်မင်းသမီး အဒီတီ ရှီရှ်ဗေကာ (ယခု မလစ်၏ ဇနီး) လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။
လက်ရှိအားဖြင့် မိုဟစ်မလစ်သည် မွန်ဘိုင်းမြို့ရှိ တန်ဖိုးကြီး စံအိမ်ကြီးတစ်လုံးတွင် နေထိုင်လျက်ရှိပြီး စီးသည့်ကားမှာ BMW 320D ဖြစ်သည်။
ယခုအခါ မလစ်က BMW နောက်တစ်စင်း ထပ်မံပိုင်ဆိုင်လာပြီး သူ၏ အင်စတာဂရမ်အကောင့်မှတဆင့် ထိုကားကို ထုတ်ပြလာသည်။
(အင်စတာဂရမ်တွင် တင်ခဲ့သောပို့စ်)
အင်စတာဂရမ်ဓာတ်ပုံတွင် တွေ့ရသည်မှာ BMW 630i M အမျိုးအစားဖြစ်ပြီး တန်ကြေးမှာ ရူပီး ၇၉ ဒသမ ၉ သိန်း ရှိသည်။
အဒီတီသည် မိမိတို့၏ ခင်ပွန်းကို အလွန်ချစ်သော ဇနီးများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ထို BMW ကို ခင်ပွန်း အတွက် လက်ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
အဒီတီနှင့် မိုဟစ်မလစ်တိို့သည် ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ရာ အိမ်ထောင်သက်တမ်း ၁၃ နှစ်ရှိခဲ့ပြီဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် အက္ကဘာမလစ်ဟု အမည်ပေးထားသော သားငယ်လေး မွေးဖွားသည်။
မလစ်တို့ ဇနီးမောင်နှံက သူတို့၏ ရင်သွေးလေးနှင့် ပျော်ရွှင်ဖွယ်မိသားစုဓာတ်ပုံများကို လူမှုကွန်ရက်တွင် မကြာခဏတင်လေ့ရှိသည်။
“ချစ်စရာ ကလေးလေးတစ်ယောက် ကျွန်တော်တို့ဘဝထဲကို ရောက်လာခဲ့တယ်။ သူ့ရဲ့ ချစ်စရာအပြုံးနဲ့ ဖိတ်ဖိတ်လက် မျက်လုံးလေးတွေက ကျွန်တော်တို့အတွက် နေ့တိုင်းမက်မောတောင့်တတဲ့ အရာတွေပါပဲ။ ပြီးခဲ့တဲ့တစ်နှစ်တာဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။ ဒါပေမယ့် သားလေးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အခိုက်အတန့်တိုင်းကို ဖေဖေတို့ မှတ်မိနေပါတယ်။
သားလေးက တန်ဖိုးမဖြတ်နိုင်တဲ့အရာလေးပါ။ ဖေဖေတို့ အလုပ်မှာ ဘယ်လိုဘဲ ဖြတ်သန်းရသည်ဖြစ်စေ သားလေးကို တချက်ကြည့်လိုက်ရတာနဲ့ ဖေဖေတို့အားလုံးရဲ့ နှလုံးသားတွေကို ရွှင်မြူးပီတိဖြစ်စေပါတယ်။ သားလေးနဲ့အတူရှိရတာ ဖေဖေတို့အတွက် ကောင်းချီးမင်္ဂလာပါ။ သားလေးအတွက် ဖေဖေတို့ အမြဲရှိနေမယ်။ သားလေးက ဖေဖေတို့ရဲ့ ကမ္ဘာပါ။ ချစ်တဲ့ ..ဖေဖေနဲ့ မေမေ”ဟု မလစ်က လူမှုကွန်ရက်တွင် ရေးသားခဲ့ဖူးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mohit Malik adds another expensive car to his collection, check it out (tellychakkar)