ရန်ကုန်ကားဈေးကွက် EV ကားဈေးများကျပ်သိန်း (၂၀၀) ဝန်းကျင်အထိဈေးကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်နေ

  • 299 views

လတ်တလော ရန်ကုန်ကားဈေးကွက်မှာ EV ကားဈေးတွေအရောင်းအဝယ်ဖြစ်နေပေမယ့် ငွေကျပ်သိန်း(၂၀၀) ဝန်းကျင်လောက်ဈေးကျသွားတယ်လို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းရှင်များအသင်း ကသိရပါတယ်။အရင်ကကျပ်သိန်း(၁၇၀၀) ကျော်ပေါက်ဈေးရှိခဲ့တဲ့ EV ကားတွေဟာ အခုလက်ရှိမှာကျပ်သိန်း (၁၅၀၀) ဝန်းကျင်အထိပေါက်ဈေးရှိနေတယ်လို့ အဲ့ဒီအသင်းကနေ သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီသုံး (ICE) ကားဈေးကွက်ထဲမှာတော့ မော်ဒယ်မြင့် အိမ်စီးကားတွေအရောင်းအဝယ်တည်ငြိမ်နေပြီး ကျပ်သိန်း(၁၀၀၀) အောက် ကားတွေသာအရောင်းအဝယ်ပိုများနေတယ်လို့လည်း ဆိုပါတယ်။ကျပ်သိန်း(၂၀၀၀)အောက် အိမ်စီးကားတွေဟာ အရောင်းအဝယ်တည်ငြိမ်နေပြီး သိန်း(၁၀၀၀၀) အထက်အင်ဂျင်ကားတွေဟာဆိုရင် အရောင်းအဝယ်အေးနေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေကပြောပါတယ်။

လက်ရှိဈေးကွက်ထဲမှာတော့ အိမ်စီးကားတွေအစား လုပ်ငန်းသုံး ၊ တက္ကစီကားတွေအရောင်းအဝယ်ပိုများနေပြီး Probox ကားတွေအရောင်းအဝယ်ပိုဖြစ်နေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ အင်ဂျင်ကားတွေကိုတင်သွင်းပိတ်ထားတာနဲ့ ငွေကြေးဂယက်တွေကြောင့် ပြည်တွင်းမှာ အိမ်စီးကားတွေဈေးမြင့်တက်ခဲ့ပြီး လက်ရှိမှာတော့ အရောင်းအဝယ်အနည်းငယ်ပြန်ဖြစ်လာတာပါ။

ပြည်တွင်းမှာလည်း SKD /CKD စနစ်နဲ့တပ်ဆင်နေတဲ့ကားတွေကို အခွန်လျော့ပေးထားပြီး ရန်ကုန်သီလဝါအထူးစီးပွားရေးဇုန်မှာ ထုတ်လုပ်တပ်ဆင်မှုတွေပြုလုပ်နေပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com