- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဘယ်လျှပ်စစ်ကားတွေက အားသွင်းရအမြန်ဆုံးလဲ
ဘယ်လျှပ်စစ်ကားတွေက အားသွင်းရအမြန်ဆုံးလဲ
- 444 views
လျှပ်စစ်ကား (EV) တစ်စီး ဝယ်ယူမည်ဆိုလျှင် အားသွင်းရန် ကြာချိန်မှာ အဓိကစဉ်းစားကြသည့် အကြောင်းရပ် တစ်ခု ဖြစ်သည်။
မည်သည့် EV များက အားသွင်းရအမြန်ဆုံး ဖြစ်သည်ကို သိလိုပါသလား။
Edmunds မှ ပြုလုပ်သော EV အားသွင်းစမ်းသပ်မှုအရ Hyundai, Kia နှင့် Porsche တို့မှာ အားသွင်းရ အမြန်ဆုံးစာရင်းတွင် ထိပ်ဆုံးမှာ ရပ်တည်နေသည်။
စာရင်းအပြည့်အစုံကို အောက်တွင် ဆက်လက်ကြည့်ရှုပါ။
ယခုလေ့လာမှုသည် လက်တွေ့စမ်းသပ်အားသွင်းမှု မျက်မြင်အခြေအနေကို အခြေခံကာ အားသွင်းချိန် တစ်နာရီလျှင် မိုင်နှုန်းမည်မျှ မောင်းနှင်နိုင်သည်ဟူသော အချက်ကို နှိုင်းယှဉ်ထားခြင်းဖြစ်သည်။
အားသွင်းချိန် တစ်နာရီလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်းများပြားလေ အားသွင်းရန် စောင့်ဆိုင်းရမှု ကြာချိန် နည်းလေလေဖြစ်သည်။
ကားထုတ်လုပ်သူတို့သည် စံနှုန်းအမျိုးမျိုး အသုံးပြုကြရာ မိနစ် ၂၀ အားသွင်းလျှင် ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအကြား အမျိုးမျိုး ရှိသည်။
EV တစ်စီးကို အားသွင်းရန် အချိန်မည်မျှကြာမည်ဆိုသည့်အချက် သိထားခြင်းသည် ကားသစ်တစ်စီး ဝယ်ယူရာ တွင် အလွန်အရေးကြီးသည့်အချက်တစ်ခု ဖြစ်ပြီး အထူးသဖြင့် နေအိမ်တွင် အားမသွင်းနိုင်သူများအတွက် ပိုမို အရေးကြီးသည်။
(ဘယ်လျှပ်စစ်ကားတွေက အားသွင်းရအမြန်ဆုံးလဲ)
Hyundai IONIQ 6 Limited RWD သည် အားသွင်းချိန် ၁ နာရီလျှင် ၈၆၈ မိုင် မောင်းနှင်နိုင်မှုဖြင့် ထိပ်ဆုံး နေရာတွင် ရပ်တည်နေသည်။
၎င်း၏ နောက်တွင် Kia EV6 Wind RWD က အားသွင်းချိန် ၁ နာရီလျှင် ၇၆၉ မိုင်နှုန်းဖြင့်လည်းကောင်း ၊ Hyundai IONIQ 6 Limited AWD က တစ်နာရီလျှင် ၇၆၄ မိုင်နှုန်းဖြင့်လည်းကောင်း ၊ Porsche Taycan 4S က အားသွင်းချိန် တစ်နာရီလျှင် ၆၉၀ မိုင်နှုန်းဖြင့်လည်းကောင်း ၊ Kia ထုတ် EV6 GT-Line က အားသွင်းချိန် တစ်နာရီလျှင် ၆၇၈ မိုင်နှုန်းဖြင့်လည်းကောင်း ထိပ်ဆုံး ၅ နေရာတွင် ရပ်တည်နေသည်။
(အားသွင်းရ ထိပ်တန်း EV ၁၀ စင်း။ ဓာတ်ပုံ-Edmunds)
Edmunds က အမေရိကန်ဈေးကွက်တွင်ရှိသော လျှပ်စစ်ကားအားလုံးနီးပါးဖြစ်သည့် ကားမော်ဒယ်ပေါင်း ၄၃ မျိုးကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
အောက်တွင် အားသွင်းရအမြန်ဆုံး ကားများစာရင်းကို ဖော်ပြထားပါသည်။
၁။ ၂၀၂၄ Hyundai Ioniq 6 Limited RWD
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၈၆၈
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန် -၆ မိနစ် ၅၄ စက္ကန့်
၂။ 2022 Kia EV6 Wind RWD
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၇၆၉
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၇ မိနစ် ၄၈ စက္ကန့်
၃။ 2024 Hyundai Ioniq 6 Limited AWD
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၇၆၄
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၇ မိနစ် ၅၁ စက္ကန့်
၄။ 2020 Porsche Taycan 4S
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၆၉၀
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၈ မိနစ် ၄၁ စက္ကန့်
၅။ 2022 Kia EV6 GT Line
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၆၇၈
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၈ မိနစ် ၅၁ စက္ကန့်
၆။2022 Hyundai Ioniq 5 dual motor
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၆၇၃
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၈ မိနစ် ၅၄ စက္ကန့်
၇။ 2022 Mercedes-Benz EQS 450+
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း-၅၉၃
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၀ မိနစ် ၁၂ စက္ကန့်
၈။ 2023 Genesis Electrified G80
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၈၈
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၀ မိနစ် ၁၂ စက္ကန့်
၉။ 2022 Porsche Taycan GTS
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၈၄
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၀ မိနစ် ၁၆ စက္ကန့်
၁၀။ 2023 Tesla Model 3 Long Range
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၆၉
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၀ မိနစ် ၃၃ စက္ကန့်
၁၁။ 2021 Porsche Taycan 4S Cross Turismo
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၆၉
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၀ မိနစ် ၃၂ စက္ကန့်
၁၂။ 2023 Kia EV6 GT
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၆၈
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၀ မိနစ် ၃၃ စက္ကန့်
၁၃။ 2024 Kia EV9 GT-Line AWD
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၄၃
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၁ မိနစ် ၀၂ စက္ကန့်
၁၄။ 2021 Tesla Model Y Long Range
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း-၅၃၈
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၁ မိနစ် ၀၈ စက္ကန့်
၁၅။ 2022 Mercedes-Benz EQS 580 4matic
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၃၀
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၁ မိနစ် ၁၈ စက္ကန့်
၁၆။ 2021 Tesla Model S Plaid
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၂၃
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၁ မိနစ် ၂၇ စက္ကန့်
၁၇။ 2023 Mercedes-Benz EQE SUV 350+
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၅၁၈
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၁ မိနစ် ၃၄ စက္ကန့်
၁၈။ 2022 Lucid Air Grand Touring
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း-၅၁၈
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၁ မိနစ် ၃၅ စက္ကန့်
၁၉။ 2023 Mercedes-Benz EQS SUV 450+
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၄၉၆
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၂ မိနစ် ၆ စက္ကန့်
၂၀။ 2024 BMW i5 eDrive40
တစ်နာရီ အားသွင်းလျှင် မောင်းနှင်နိုင်မည့် မိုင်နှုန်း- ၄၇၇
မိုင် ၁၀၀ မောင်းနှင်နိုင်ရန် အားသွင်းမှုကြာချိန်- ၁၂ မိနစ် ၃၄ စက္ကန့်
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Which EVs charge the fastest? Hyundai, Kia, and Porsche lead in new charging test (electrek)