- ပင်မစာမျက်နှာ
- ကားသတင်းများ
- EV ဆိုင်ကယ် (၄၈) စီးနှင့် EV လျှပ်စစ်ကား (၁၀)စီး ပြည်တွင်းဈေးကွက်ထဲဝင်ရောက်လာ
EV ဆိုင်ကယ် (၄၈) စီးနှင့် EV လျှပ်စစ်ကား (၁၀)စီး ပြည်တွင်းဈေးကွက်ထဲဝင်ရောက်လာ
- 424 views
တရုတ်နိုင်ငံကတင်သွင်းလာတဲ့ WUYANG HONDA အမျိုးအစား EV ဆိုင်ကယ် (၄၈)စီးဟာ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)ကို ရောက်ရှိလာသလို တရုတ်နိုင်ငံထုတ် BYD D-1(၁၀)စီးဟာလည်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRY PORT –KM)ကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းတွေအတိုင်း စိစစ်ပြီး ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။
အဲဒီ EV ယာဉ်တွေဟာ အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့် ရထားတာလည်း ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ EV ကားတင်သွင်းမှု (Pilot Projcet) ကာလ (၁၀)လတာအတွင်း EV ယာဉ် အမျိုးမျိုး အစီးရေ (၃၀၀၀)ကျော်နဲ့ EV မော်တော်ယာဉ်အစီးရေ (၁၅၅၅)စီးကို ပြည်တွင်းမှာ တင်သွင်းခွင့် ပြုထားပါတယ်။
လက်ရှိမှာ ကားဈေးနှုန်းများအနည်းငယ်ငြိမ်သက်နေပြီး EV ကားတွေ ကားဈေးကွက်ထဲမှာလည်း ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ICE ကားဈေးကွက်ထဲမှာတော့ အရောင်းအနည်းငယ်ငြိမ်နေပြီး Probox ကားအစီးရေ အနည်းငယ် အရောင်းဝယ်လိုက်တယ်လို့ ကားဝယ်ရောင်းတွေက ပြောပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com