တရုတ်(EV ) လျှပ်စစ်သုံးမော်တော်ယာဉ်ကား ရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာ

  • 374 views

 

တရုတ်နိုင်ငံထုတ် (EV) အမျိုးအစား (၆)မျိုးဟာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး နိုဝင်ဘာလ(၂၃)ရက်နေ့တွင် သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အခုရောက်ရှိလာတဲ့ EV ကားတွေဟာ NETA U ၊ NETA V ၊ leapmotor T03 (Luxury) ၊ BYD Atto 3 ၊ Aiqar Arrizo 3 ၊ Changan Benni E-Star ကားအမျိုးအစားတွေဖြစ်ပါတယ်။

အဲဒီကားတွေဟာ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်လည်း ပြုထားတာဖြစ်ပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်သုံးမော်တော်ယာဉ်ရှေ့ပြေးစီမံကိန်း (EV Pilot Project)ဖော်ဆောင်နေမှု (၇၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောဆိုထားပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်ရှေ့ပြေးစီမံကိန်း (EV Pilot Project)ကို (၂၀၂၃)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ လုပ်ဆောင်နေတာဖြစ်ပြီး အခုဆိုရင် (၁၀)လကျော်ကာလထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။

အခုနှစ် (၁၀) လအတွင်း EV မော်တော်ယာဉ်အစီးရေ(၁၅၅၅)စီး တင်သွင်းထားပြီး EV ယာဉ်အမျိုးမျိုး စုစုပေါင်း(၃၀၀၀)ကျော်တင်သွင်းထားတယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com