- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်တွင် အရောင်းရဆုံးကား Toyota Camry ကို ၂၀၂၅ တွင် ဓာတ်ဆီ ၊ လျှပ်စစ် Hybrid အဖြစ်သာ ထုတ်လုပ်တော့မည်
အမေရိကန်တွင် အရောင်းရဆုံးကား Toyota Camry ကို ၂၀၂၅ တွင် ဓာတ်ဆီ ၊ လျှပ်စစ် Hybrid အဖြစ်သာ ထုတ်လုပ်တော့မည်
- 451 views
အမေရိက၏ အရောင်းရဆုံးကား Toyota Camry ကို Hybrid အဖြစ်သာ ထုတ်လုပ်တော့မည်ဖြစ်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
လက်ရှိအားဖြင့်လည်း ဈေးကွက်တွင် Toyota Camry Hybrid ကို ဝယ်ယူရရှိနိုင်သည်။
သို့သော် ၂၀၂၅ တွင် Toyota Camry ကို ဓာတ်ဆီအင်ဂျင်နှင့် လျှပ်စစ်မော်တာများ ပေါင်းစပ်ထားသော Hybrid တစ်မျိုးတည်းသာ ထုတ်လုပ်သွားမည် ဖြစ်သည်။
Toyota တွင် Hybrid အဖြစ် ထုတ်လုပ်ထားသော ကားများ၌ Sienna minivan , Venza SUV , Sequoia full-sized SUV တို့အပြင် Hybrid အဖြစ်သာ ထုတ်လုပ်ထားသော အခြားကားများ ရှိသည်။
Toyota Camry ကို Hybrid အဖြစ်သာ ထုတ်လုပ်မည့် ဆုံးဖြတ်ချက်က အဆိုပါ နည်းပညာကို လူတို့မည်မျှ လက်ခံထားကြောင်း ပြသနေသည်။
တချိန်က အဆိုပါ နည်းပညာကို ကားမော်ဒယ်အနည်းငယ်တွင်သာ တွေ့ရှိရသည်။
ဓာတ်ငွေ့များ ဈေးတက်နေစဉ်ကာလအတွင်း အဆိုပါ နည်းပညာကို စိတ်ဝင်စားမှုများ ရှိလာခဲ့ပြီး ယခုအခါ ပင်မရေစီးသို့ ရောက်ရှိလာသည်။
Customer များအနေဖြင့် Toyota ၏ mainstream ဆီဒင်များကို Hybrid ဖြင့်သာ အသုံးပြုရန် အသင့်ဖြစ်နေပြီဟု Toyota က ယူဆသည်။
“ကျွန်တော်တို့ဟာ ၂၀၀၀ ပြည့်နှစ်အတွင်း ပထမဆုံး Prius မော်ဒယ်မှာကတည်းက ကားတွေမှာ လျှပ်စစ် မော်တာတွေနဲ့ ဘက်ထရီကို စတင်တပ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ဒါက ကျွန်တော်တို့ ကျွမ်းကျင်မြတ်နိုးတဲ့ နယ်ပယ်ပါပဲ”ဟု Toyota ၏ Marketing ဆိုင်ရာ လက်ထောက်ဥက္ကဌ မိုက်ထရစ်ပ်က CNN နှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ဖော်ပြသည်။
Toyota က ၎င်းတို့၏ မော်တော်ကားတိုင်းကို Hybrid ဗားရှင်း ထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။
Hybrid ဗားရှင်းမရှိသော (သို့မဟုတ်) Hybrid ဗားရှင်း ထုတ်လုပ်မည်ဟု ကြေညာမထားသော Toyota ၏ မော်ဒယ် ၃ ခုသာရှိရာ GR86, Supra ပြိုင်ကားများနှင့် 4Runner SUV တို့ ဖြစ်သည်။
Toyota Camry ကို Hybrid အဖြစ်သာ ထုတ်လုပ်မည့် ဆုံးဖြတ်ချက်မှာ ကြီးမားသော ခြေလှမ်းတစ်ခု ဖြစ်သည်။
Toyota Camry သည် လွန်ခဲ့သော ၂၂ နှစ်တာအတွင်း အမေရိကတွင် အရောင်းရဆုံး မော်တော်ကားအဖြစ် ရပ်တည်ခဲ့သည်။
Toyota Camry ကို အမေရိကတွင် ၂၀၀၇ ခုနှစ်ကတည်းက ရိုးရိုးမော်ဒယ်နှင့် Hybrid တို့ ၂ မျိုး ဝယ်ယူရရှိ နိုင်ခဲ့သည်။
သို့သော် ၂၀၂၅ သို့ ရောက်လျှင် လျှပ်စစ် ၊ ဓာတ်ဆီ Hybrid အဖြစ်သာ ရရှိနိုင်တော့မည် ဖြစ်သည်။
နာမည်ကြီး မော်ဒယ်တစ်ခုကို Hybrid သီးသန့် ထုတ်လုပ်မည့် ဆုံးဖြတ်ချက်မှာ အစွန်းရောက်သော ခြေလှမ်း တစ်ခု ဖြစ်နိုင်သော်လည်း ယခုနည်းပညာနှင့် ပတ်သက်၍ ရှည်လျားသည့် သမိုင်းကြောင်းရှိသော Toyota အတွက်မူ မထူးဆန်းကြောင်း ကားလောကသုတေသီ Tyson Jominy က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: America’s top-selling car will soon come only as a hybrid (cnn)