နိုဝင်ဘာ (၂၁) ရက်နေ့တွင် နိုင်ငံတဝှမ်းသို့ ဆီဘောက်ဆာကား (၁၃၀၀) ကျော်နဲ့ စက်သုံးဆီများဖြန့်ဖြူးပေးနေ

  • 97 views

နိုင်ငံတဝှမ်းကဆက်သုံးဆီဆိုင် (၁၈၈၇) ဆိုင်ကို ဆီသယ်ယာဉ် (၁၃၀၀) ကျော်နဲ့စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

92 Ron ဂါလံ တစ်သန်းကျော်၊ 95 Ron ဂါလံ နှစ်သိန်းသုံးသောင်းကျော် ၊ ဒီဇယ် ဂါလံ နှစ်သိန်း သုံးသျော်ကျော် ၊ ပရီမီယံဒီဇယ် ဂါလံ တစ်သန်းလေးသိန်းကျော်တို့ကို ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ၊ပြည်နယ်နဲ့တိုင်းတွေကိုဖြန့်ဖြူးရောင်းချပေးခဲ့တယ်လို့  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၂၂)  ရက်နေ့မှာ စက်တင်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း ရည်ညွှန်းလက်လီဈေးနှုန်း 92 တစ်လီတာကို ( ၂၂၁၀)ကျပ်နဲ့ 95 တစ်လီတာကို ငွေကျပ် (၂၃၅၀) ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒီဈေးနှုန်းဟာ နှစ်ရက်အတွင်းငွေကျပ် (၁၀၀)ဝန်းကျင်ဈေးမြင့်တက်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀) ရက်နေ့က 92 တစ်လီတာကို(၂၁၀၅) ကျပ်၊ 95 တစ်လီတာကို (၂၂၄၀) ကျပ်သာ ရည်ညွှန်းဈေးနှုန်းရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်တခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း ဓာတ်ဆီလီတာဈေးနှုန်းတွေဈေးမြင့်တက်လာတယ်လို့ စက်တင်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com