(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်ပြီးတော့မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား

  • 284 views

ရန်ကုန်-ဒလမြစ်ကူးတံတားကို Korea Econo-mic Development Fund(EDCF) ရဲ့ချေးငွေအကူအညီနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့(၂၀၁၈) ခုနှစ်ဒီဇင်ဘာလလောက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ကိုဗစ်(၁၉)ရောဂါအခြေနေကြောင့်ခေတ္တရပ်နားထားရာကနေ ပြန်လည်စတင်ခဲ့ပြီး အခု(၂၀၂၃) ခုနှစ်မတ်လပိုင်းလောက်မှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးဦးဝင်းဖေတို့က လာရောက်ကြည့်ရှုခဲ့ပြီး လာမယ့်(၂၀၂၄)ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ပြီးစီးနိုင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းမတော်မြို့နယ်ကနေ ပြည်လမ်းမပေါ်အထိဆက်သွယ်ထားပြီးတစ်ဖက်မှာလည်း ဒလတွံတေးခရိုင်  ဒလမြို့နယ်   နဲ့ဆက်သွယ်ထားတဲ့တံတားတစ်ခုဖြစ်ပါတယ်။ဒလတံတားပြီးစီးသွားရင် ရန်ကုန်မှာ ယာဉ်ကြောကြပ်တည်းမှု အထိုက်အလျောက်လျော့နည်းသွားမှာဖြစ်သလို ဒလဘက်ခြမ်းမှာလည်း အိမ်ခြံမြေဈေးတွေ ဈေးမြင့်တက်နိုင်တယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်နေသူတွေက သုံးသပ်နေကြပါတယ်။

 

 

ဒလဘက်ခြမ်း မှာ အိမ်ခြံမြေ ဈေး တွေဟာ ဒလတံတားစတည်ဆောက်စဉ်ကတည်းက တရိပ်ရိပ်မြင့်လာပြီး တချို့ကျေးရွာမြေတွေတောင် ဈေးထောင်ချီတဲ့အထိပေါက်ဈေးရှိနေပါတယ်။အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ဒလမြို့ခံတွေပြောဆိုချက်အရ ဒလမှာမြေဈေး(၃)ဆကျော်အထိမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး အလုပ်သမား(၆၅၀) ကျော်နဲ့နေ့ညမပြတ်တည်ဆောက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။

ဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတားတွေထဲမှာ အရှည်ဆုံးနဲ့အကြီးဆုံးဖြစ်ပြီးတံတားအောက်ကနေ ပင်လယ်ကူးသင်္ဘောတွေဖြတ်သွားဖို့ ရေလည်တိုင် နှစ်တိုင်ကိုမြှင့်ထားတဲ့ ဒီဇိုင်းသတ်မှတ်တည်ဆောက်ထားတာပါ။ ဒလမြစ်ကူးတံတားရဲ့ ပင်မအရှည်ဟာ(၂၂၆၄၀)ပေရှိပြီး ခံနိုင်ဝန်ဟာ ယာဉ်တစ်စီးချင်း (၇၅)တန်ရှိပါတယ်။ ရန်ကုန်မြစ်အတွင်း ပင်လယ်ကူးသင်္ဘောတွေဖြတ်သန်းနိုင်ဖို့ အမြင့်ပေ(၁၆၀)နဲ့ ရေလမ်းကင်းလွတ်အကျယ် (၉၉၈)ပေရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com