အခုအပတ် ဓာတ်ဆီ၊ဒီဇယ် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအနည်းငယ်ကျဆင်း

  • 176 views

အပတ်စဉ်သတ်မှတ်ပေးနေတဲ့ ဓာတ်ဆီ၊ဒီဇယ် စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေဟာ အခုအပတ်မှာအနည်းငယ်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေသိရပါတယ်။ အရင်အပတ်က (92)၊ (95)ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ ကျဆင်းခဲ့တာပါ။ အခုအပတ်မှာတော့ ဓာတ်ဆီရော ဒီဇယ်ဈေးနှုန်းတွေ အနည်းငယ်ကျဆင်းလာကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ (၁၀)ရက်နေ့မှာ ရန်ကုန်မှာ စက်သုံးဆီ ဝယ်မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ စက်သုံးဆီတင်သင်္ဘောတွေ ဆိုက်ကပ်လာပြီး စက်သုံးဆီလိုအပ်ချက်ကို ဖြည့်တင်းပေးခဲ့လို့ အခုတော့ ပုံမှန်အတိုင်း ဆီဝယ်ယူလို့ရနေပြီဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ရန်ကုန်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့က စက်သုံးဆီအရောင်းဆိုင် (၂၂၆၁)ဆိုင်ကို ဆီသည်ယာဉ် (၁၆၀၂)စီးနဲ့ (92 ) Ron ဂါလံ(၁)သန်းကျော် ၊ (95 ) Ron ဂါလံ (၃သိန်း၆သောင်း)ကျော် ၊ ဒီဇယ်ဆီ ဂါလံ(၁)သန်းကျော် ၊ ပရီမီယံ ဒီဇယ်ဆီ ဂါလံ(၁)သန်းကျော် ပို့ဆောင်ဖြန့်ဖြူးပေးခဲ့တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

လက်ရှိသတ်မှတ်ထားတဲ့ စက်သုံးဆီဈေးနှုန်းတွေကတော့ (92 )Ron တစ်လီတာကို ငွေကျပ်(၂၁၀၅)ကျပ်၊(95) Ron တစ်လီတာကို ငွေကျပ်(၂၂၄၀)ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို ငွေကျပ်(၂၁၂၅)ကျပ်နဲ့ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာကို ငွေကျပ်(၂၂၁၅)ကျပ် ရည်ညွှန်းသတ်မှတ်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com