- ပင်မစာမျက်နှာ
- ကားသတင်းများ
- EV Pilot Project ဖော်ဆောင်နေမှု (၇၅) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟုဆို
EV Pilot Project ဖော်ဆောင်နေမှု (၇၅) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟုဆို
- 225 views
ပြည်တွင်းမှာ လျှပ်စစ်သုံးမော်တော်ယာဉ်ရှေ့ပြေးစီမံကိန်း (EV Pilot Project ) ဖော်ဆောင်နေမှု (၇၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောဆိုလိုက်ပါတယ်။ အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်ရှေ့ပြေးစီမံကိန်း (EV Pilot Project)ကို (၂၀၂၃)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ လုပ်ဆောင်နေတာဖြစ်ပြီး အခုဆိုရင် (၁၀)လကျော်ကာလထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အခုနှစ် (၁၀)လအတွင်း EV မော်တော်ယာဉ်အစီးရေ (၁၅၅၅)စီး တင်သွင်းထားပြီး EV ယာဉ်အမျိုးမျိုး စုစုပေါင်း(၃၀၀၀)ကျော် တင်သွင်းထားတယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ စတင် တင်သွင်းတုန်းက EV ကားအစီးရေ (၅၀)ကျော်သာ တင်သွင်းခဲ့ပေမယ့် နောက်ပိုင်းလတွေမှာ အစီးရေ ရာနဲ့ချီတင်သွင်းလာပြီး လုပ်ငန်းသုံး EV မော်တော်ယာဉ်တွေလည်း ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။
ဒါ့အပြင် EV ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်တွေကိုလည်း ဆက်တိုက်တင်သွင်းနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့က ခရီးသည်တင်ယာဉ်တွေနဲ့ အဝေးပြေးယာဉ်လိုင်းတချို့မှာ EV BUS ကားတွေ အစားထိုးပြေးစွဲမယ်လို့ ကြေညာထားပေမယ့် အကြောင့်အမျိုးမျိုးကြောင့် လက်ရှိအချိန်ထိ အကောင်ထည်မဖော်နိုင်သေးဘူးလို့လည်း EV ကားလောကထဲကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com